Wednesday, April 23, 2014

ရွှေရင်ကျော်ဣစ္ဆသယ- မဟိဒ္ဓိစေဂိုဏ်းတော်ကြီးဖြစ်ပေါ်လာပုံ၊ ဘိုးတော်ဘုရားများ၏ ထွက်ရပ်ပေါက် (အကျဉ်း) နှင့် ထူးခြားချက်များ သမိုင်း



ရွှေရင်ကျော်စ္ဆသယ- မဟိဒ္ဓိစေဂိုဏ်းတော်ကြီးစလာပုံပြောပါဆိုလျှင် ကျွန်တော်တို့ ဆရာကြီး ဦးမြခင် (ခေါ်) အဖေကြီး ဦးမြခင်အကြောင်း အရင်ပြောမှဖြစ်မှာ၊ ရွှေရင်ကျော်နှင့် အဖေကြီး ဦးမြခင်ဆိုတာ ခွဲခြားမရအောင်ဖြစ်ရပါသည်။ ဒါကြောင့် ၄င်းတို့အဖေကြီးဦးမြခင်၏ မိန့်ကြားသွားသော နှုတ်တော်ထွက်ခဲ့သော မူရင်းအသံနှင့် ဆုံးမခဲ့သော မိန့်မှာခဲ့သော တိတ်ခွေမှ မှတ်တမ်းအရ၊ ပြောကြားချက်အရ ပြောရမည်ဆိုလျှင် ဂိုဏ်းတော်နှင့် ဘိုးတော်များ စလာပုံမှာ “မင်းသားကြီး ဦးအောင်က စလာတယ်” ဟုပြောပါရန် အဖေကြီး အမိန့်ရှိပါသည်။
            အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏သား ဘိုးတော်ဦးဝိုင်းနှင့် မင်းသားကြီး ဦးအောင်၊ နောက် ကိုရင်ကြီးတစ်ပါးရယ်၊ သူတို့ သူငယ်ချင်းသုံးယောက် ပါရှိတယ်၊ ၄င်းသုံးဦးကို ငယ်စဉ် အခါက ဆရာတော်ထံအပ်နှံပြီး ပညာသင်ကြားစဉ်က ဆရာတော်က ဘုရင်ဖြစ်မည့် မောင်ဝိုင်း ကို မင်းသားတို့တတ်အပ်သော အဌာရဿဆယ့်ရှစ်ရပ် ပညာများကို သင်ကြားပေး၍ ကိုရင်ကြီး ကိုမူ တရားဓမ္မများ သင်ကြားပို့ချပေးခဲ့သည်။
            မင်းသားကြီးဦးအောင်ကိုကျတော့ ငယ်စဉ်ကအထုံရေစက်ပါသောကြောင့် ထွက်ရပ် ပေါက် ပညာရပ်များကို ငယ်စဉ်ကပင် သင်ကြားပေးခဲ့ပါသည်။
            ဤကဲ့သို့ အရွယ်ရောက်ကြ၍ မိမိတို့ဘဝနှင့် မိမိတို့ ကျင့်ကြံနေထိုင်ခဲ့ကြသည်။ နောက်ဆုံးနန်းတွင်းအရေးတော်ပုံဖြစ်လာသောအခါမှာ- မင်းသားကြီးဦးအောင်က မောင်ဝိုင်း အားရှောင်တိမ်းနေစေခဲ့ပြီးနောက် မောင်ဝိုင်းကံဇာတာအထတွင် ထီးနန်းကို သိမ်းပိုက်စေခဲ့ သည်။ ထီးနန်းရလျှင် မဟာမျိုးမဟာနွယ်များကို သက်ဖြတ်ခြင်းမပြုရန် ကတိစကား ဦးဝိုင်းက ဆိုခဲ့ရသည်။
            ဤသို့ဖြင့် ဘိုးတော်ဦးဝိုင်းထီးနန်းရလာသည်။ ဘိုးတော်ဦးဝိုင်းသည် မိမိကတိသစ္စာ ဖောက်ဖျက်၍ ထီးနန်းရရှိသော မဟာမျိုးမဟာနွယ်များကို ကွပ်မျက်လိုက်သောအခါ မင်းသားကြီးဦးအောင်သည် ခွေးတစ်ထောင်ကို မြို့ဝန်၏ အိမ်ရှေ့တွင် ထမင်းကျွေးခဲ့သည်။
            ထိုအခါမြို့ဝန်က ဘာကြောင့်ခွေးတွေကို

Tuesday, August 21, 2012

ချင့်ယုံတော်မူ



Ø  ဟိုလူ့စကား ကိုယ်တို့နားမှာ တစ်အားပဲချို ယုံကြည်လိုလည်း စွဲမြဲအကုန် မယုံနှင့်ဦး သတိထူးလော့။
Ø  ဒီလူပြောပေါက် မိန်းမောလောက်လည်း တောက်လျှောက်အကုန် မယုံနှင့်ဦး သတိထူးလော့။
Ø  ဗုဒ္ဓလမ်းစဉ် မှတ်ကျောက်တင်၍ ဆင်ခြင်အတိ ဝိဘဇ္ဇဉာဏ် ဝေဖန်ဆန်းစစ် အနှစ်ကိုရှာ အကာကို ပစ် အကျိုးဖြစ်ထွန်း တစ်ခွန်းစကား ယူပါလော့..။
                                                        ဘုရားဟော ကာလာမသုတ္တံမှ ကောက်နုတ်ချက်


သူတော်ကောင်းဆိုတာ


v  ပညာတော်သူကို လူတော်လို့ခေါ်ပြီး
v  သီလရှိသူကို လူကောင်းလို့ခေါ်ရတယ်၊
v  ပညာလည်းတော်ပြီး သီလလည်းရှိမှ လူတော်လူကောင်း သူတော်ကောင်း ဖြစ်လာတယ်။

အတတ်ပညာရနိုင်သော တပည့် ( တပည့်)နှင့် အတတ်ပညာ မရနိင်သော တပဲ့ ( တပဲ့)


ဓါးကောင်းတစ်လက် ပေထက်ထုခံ မီးလျှံထည့်သွင်း ရေသို့ဆင်းမှ ထက်မြတ်ရ မိဘဥပမာ ဆိုသလို မီးနာမှ သံကောင်းသည် သံကောင်းမှ ဓါးထက်မည်။
                                                 မိဘဥပမာ  -ဆရာ့ထံမေးမြန်းသူ
                              
ပန်းပဲတူချက် ထုနှက်မခံ မီးလျှုံကိုကြောက် ရေအောက်ဆင်းပုန်း ထိုသံတုံး လုံးလုံးသုံးမရ။
                                        ရေအောက်ဆင်းပုန်း - ဆရာ့ထံ မရောက်သူ
                                                                                ကထိက ရဟန်း

ဝိဇ္ဇာ


ထွက်ရပ်ပေါက်ပြီး ဝိဇ္ဇာကြီးကား ရှေ့ဖြစ်နောက်ဟောင်း အကြောင်းစိစစ် တစ်နှစ်အံကျ သိမြင်လှ၍ အဠာရသ မြတ်သိပ္ပနှင့် ဘဝပါရမီ ဖြူနီဝါနက် အဆက်ဆက်ပို ကွက်ကွက်ကွင်းကွင်း စိုးပိုင်ခြင်းနှင့် မြင်ခြင်းတစ်သွယ် စိတ်ဝယ်ကြံက လိုတိုင်းရ၍ တံတိုင်းလည်းဖြစ် လူစင်စစ်က နတ်နှင့်မခြား ကျင့်တရားကို မမှားမယွင်း ဒေါသကင်းလျက် အလင်းကိုရောက် ပေါက်ကြီးပေါက်မှ ပါမောက္ခစစ် ဝိဇ္ဇာဖြစ်သည် မှတ်ရစ်နောင်လာ ရှင်လူတည်း။
                                            ကျော်အောင်စံထား ဆရာတော်

အရိယာဝိဇ္ဇာလမ်း


သမထနှင့် ဝိပဿနာ
သံသရာဘေူး ထွက်လမ်းပေးသည်
အလေးအမြတ် သင်ယုံမှတ်၍
ကျင့်မြတ်ယောဂီ လောကီမဟုတ်
လောကုတ်အစစ် ဝိဇ္ဇာဖြစ်မှ
ဟောလှစ်ဗုဒ္ဓါ ဒေသနာနှင့်
မကွာမသွေ ရှိရချေမည်
မှတ်လေငါတို့ သွားလမ်းတည်း
                                         ရွှေရင်ကျော် ဆရာတစ်ဦး

ဤလောက၌ မတူညီနိုင်ကြသော အရာများ


၁။ လူချင်းတူသော်လည်း ဥာဏ်ချင်းမတူ
၂။ ဥာဏ်ချင်းတူသော်လည်း ပါရမီချင်းမတူ
၃။ ပါရမီချင်းတူသော်လည်း ဝီရိယချင်းမတူ
၎။ ဝီရိယချင်းတူသော်လည်း သတိချင်းမတူ
၅။ သတိချင်းတူသော်လည်း သမာဓိချင်းမတူ
၆။ သမာဓိချင်းတူသော်လည်း ပဠာန်းဆက်ချင်းမတူ
၇။ ပဠာန်းဆက်ချင်းတူတော်လည်း ဆုတောင်ချင်းမတူ
၈။ ဆုတောင်းချင်းတူသော်လည်း သဒ္ဒါတရားချင်းမတူ