Monday, June 25, 2012

ကုသထားသောအစွဲတစ်ခုက ကုသပေးသောဆရာကို အညှိးထားနိုင်ပါသလား

မေး။            ။ကုသထားသောအစွဲ တခုက ကုသပေးသောဆရာကိုအညှိုး ထားမထား
သိချင်ပါတယ် ဆရာ
ဖြေ။    ။ ကုသထားသော အစွဲတစ်ခု ကုသပေးသော ဆရာကို အညှိးထားမထား ကိစ္စနှင့် ပတ်သက်ပြီး ဆရာများ အနေဖြင့် စိုးရိမ်ကြောက်ရွံ့မှု့ ရှိစရာမလိုပါ။ ဆရာများနှင့် အောက်လမ်းမိစ္ဆာပညာရှင်များသည် ယှဉ်ပြိုင်ဖက် ဖြစ်သော်ငြားလည်း အထက်လမ်း ဆရာကြီးများကို ဘယ်သောအခါမှ အနိုင်ရယူမှု့ မရှိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အထက်လမ်းဆရာကြီးများကို အထက်သူတော်စင် ဓမ္မအရိယာဝိဇ္ဇာကြီးများနှင့် အထက်နတ်ကောင်းနတ်မြတ်များမှ စောင့်ရှောက် ကူညီစောင်မမှု့ကြောင့်ဖြစ်ပါသည်။  ဒါပေမယ့် ဆရာကြီးများမှ အမြဲတမ်းသတိရှိပြီး မကောင်းမိစ္ဆာ စက်များကို ကြိုတင်ပြီး ဖြတ်တောက်ထားရန် အထူးလိုအပ်ပါသည်။
                  သတိမေ့ ပေါ့လျော့ပါက အောက်လမ်းစက်များ၏ စက်မိခြင်းကို ခံရပြီး တွေဝေထိုင်းမှိုင်းမှု့ကို ခံစားရပါသည်။ ဘုရားစင်၌ မီးစက် ရေစင်ကို သစ္စာဆိုတောင်းခံပြီး သောက်ခြင်း၊ ရေချိုးခြင်းများ ပြုလုပ် လိုက်ပါက အောက်လမ်းစက်များ မိခြင်းမှ ကင်းပသွားပါမည်။
ကျေးဇူးတင်လျက်
ဆရာ ဦးအောင်မျိုး

Monday, June 18, 2012

ဝန်ခံတောင်းပန်ချက်


                                                  ဆရာကြီးဦးစံသိန်း

  ကျွန်တော်သည် ဂိုဏ်းတော်နှင့် ပတ်သက်ပြီး ဆရာကြီးများမှ ရှင်းပြသင်ကြားမှု့ကြောင့် အနည်းအကျဉ်းမျှသာ သိရ တတ်မြောက်ခြင်းဖြစ်ပါသည်။  ရွှေရင်ကျော်ပညာကို လွန်စွာချစ်မြတ်နိုးတန်ဖိုးထားသူ ဖြစ်ပါသည်။ ရွှေရင်ကျော်ပညာဖြင့် ပယောဂဝေဒနာရှင် လူနာရှင်မြောက်များစွာကို ကုသ ကူညီပေးခြင်းပါသည်။ ဂိုဏ်းတော်အပေါ် ဆရာ့ဆရာကြီးများအပေါ်တွင် မိမိသိသော အသိဥာဏ်ပေတံဖြင့် တိုင်းတာပြီး ဝေဖန်ခဲ့ပါသည်။ လူငယ်သဘာဝ စိတ်ကူးဖြင့် ဆရာ့ဆရာကြီးများအား ဝေဖန်ခဲ့ပါသည်။ အထူးသဖြင့် ပါရမီရှင် ဆရာကြီး

ရွှေရင်ကျော် က္ကစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီးကို ထိန်းသိမ်းစောင့်ရှောက်၍ တပည့်သားသမီး တီကျွတ် အပေါင်းတို့ကို ဆုံးမ သြဝါဒပေးပြီး ထွက်ရပ်ပေါက်စခန်းသို့ ကြွမြန်းသွားသော အဖေကြီး ဦးမြခင်အကြောင်း

                                          ကျေးဇူးရှင် အဖေကြီး ဦးမြခင်

               

 အဖေကြီး ဦးမြခင်သည် မအူပင်မြို့ပိုင် ထနီးရွာနေ အဖဦးမောင်ဟန် အမိ ဒေါ်မယ်သင်တို့၏ စတုတ္ထမြောက်သားဖြစ်ပါသည်။ အဖေကြီး၏ ညီအစ်ကို မောင်နှမများမှ ဒေါ်လှမေ၊ ဦးလှဖေ၊ ကိုမြဒင်၊ ကိုမြခင်( အဖေကြီး) ကိုသာစည်နှင့် ကိုသာကြည်တို့ဖြစ်ကြသည်။ အဖေကြီးအား ၁၂၈၀ခုနှစ် ပြာသိုလပြည့်ကျော် ၁ ရက် ကြာသာပတေးနေ့တွင် ဖွားမြင်သည်။ အဖေကြီးသုံးနှစ်သားအရွယ်တွင် မိခင်ဒေါ်မယ်သင် သေဆုံးရာ မိခင်၏အလောင်းကို ဖက်၍ နို့စို့ခဲ့ကြောင်း လူကြီးများက ပြန်ပြော၍ အဖေသိခဲ့ရသည့်အတွက် ၂၃ရက် ၁၀ လ ၇၁ ခုနှစ်တွင် သွင်းယူသော တိတ်ခွေတွင် အဖေ ပြောဆိုခဲ့၏။
ဖခင် ဦးမောင်ဟန်သည်လည်း

Sunday, June 17, 2012

ရွှေရင်ကျော်ဆိုင်ရာ အမေးအဖြေများ ၂

                                           ရွှေရင်ကျော် ဂိုဏ်းချုပ် ဆေးတော်ကြီးပုံ                                                              ကျွန်တော့်
မေးခွန်းများကိုသိလိုသမျှဖြေပေးခဲ့ပါသဖြင့် ကျေးဇူးအထူးတင်ပါသည် ။                   ကျွန်တော်သိလိုသည်မှာ...ကျွန်တော့် တွင်
ပညာတည်မတည် မည်သိုစမ်းသပ်နိုင်ပါသနည်း...အလွယ်ဆုံးနည်းကို ပြောပေးပါဆရာ
..သူများကိုလက်ဝါးရိုက်ပညာအပ် ပြီးကုခိုင်းဖို့ထက် ကိုယ် ကိုယ်တိုင်ပင်
ကုစရာအကြောင်းမညီညွတ်သေးပါ ခင်ဗျား...ကြားဖူးတာကတော့ တချို့ဆရာများ
တောထဲတွင် ကွင်းပိုင်ကို အမိန့်ပြန် ခေါ်ပြီးေ၇ာက်လျှင်
ဒီသစ်ပင်ကိုလှုပ်ပြ ဆိုပြီး ခိုင်းတာတကယ်လှုပ်ပြသည်ဟုတဆင့်စကားကြားဖူးပါသည်
။ ရနိုင်ပါသလား။ ပြီးနောက်  မိမိတို့လယ်များ ကျွဲ နွားများကို
အစောင့်ခိုင်းသည်ဟုသိရပါသည် ။ ဥပဇ္ဇယ်ဆရာထိုနယ်ကိုရောက်တော့မှ
ကွင်းပိုင်က စီးပြီးတိုင်သောကြောင်ု့နောက်မလုပ်ရန်တားမြစ်ရသည်ဟုပင်ကြားဖူးပါသည်။
ဆရာ သုံးသပ်ပေးစေလိုပါသည်။

ခင်မင်လေးစားစွာဖြင့်....



ဖြေ။     ။ ရွှေရင်ကျော် ပညာခံယူထားသော ပညာဝင်တစ်ယောက်သည် ပညာခံယူပြီတာနဲ့   ဥပဇ္ဈယ်ဆရာမှ ပညာအပ်ပေးရပါသည်။ ဆိုင်ရာပုဂ်ဂိုလ်များကိုလည်း စောင့်ရှောက်ရန်အပ်နှင်းထားပါသည်။
      ၁။ မိမိကိုယ် မိမိ ယုံကြည်ရပါမည်။
      ၂။ မိမိဆရာသမားကို ယုံကြည်ရပါမည်။

Saturday, June 9, 2012

ရွှေရင်ကျော်ဆိုင်ရာ အမေးအဖြေများ ၁

ကျွန်တော်က ဂိုဏ်းဝင်တဦးဖြစ်ပြီး ၉ ဆင့် ဆရာတယောက်ဖြစ်ပါတယ်....သိုသော် ကျွန်တော်ဆရာ မှာ တခြားမြို့ မှ ဖြစ်သောကြောင့် ပညာသာယူထားပြီး ဂိုဏ်းတော်နှင့် ပက်သက်ပြီးသိသင့် သိထိုက်သော အကြောင်းများလေ့လာသင်ယူရန် အ ခက်အ ခဲ ရှိပါသောကြောင့် ဆရာတို့ အနေဖြင့် ကူညီပေးစေလိုပါသည် ခင်ဗျား။ ကျွန်တော် သိလိုသည်များကိုမေးရာတွင် အမှားအယွင်း ပါခဲ့ ပါက နားလည်ခွင့်လွှတ်ပေးပါရန် ရှေးဦးပထမ ကြိုတင်တောင်းပန်ပါရစေ။ နောက်တချက်မှာ ဆရာ့အားပညာ စမ်းခြင်းမဟုတ်ဘဲ အမှန်တကယ် ကျွန်တော်သိလို သောကြောင့် မေးမြန်းအကူညီတောင်းခံခြင်း ဖြစ်ကြောင်း ယုံကြည်စေချင်ပါသည်။ ကျွန်တော့်အားကူညီပြီး စာပြန်လိမ့်မည်ဟု လည်းယုံကြည်ပါသည်ခင်ဗျား။

၁ ။ ပထမ ကျွန်တော်သိလိုသည်မှာ ဆေးတော်စစ်မစစ် မည်သို သိနိုင်ပါသနည်း ။ ကျွန်တော့်ဆရာမှာ အဖေကြီးဦးမြခင် ၏ သား တပည့် တဦးဖြစ် ပါသည်။ ဆရာတွင် ဆေးတော် ၂ မျိုးတွေ့ဖူးပါသည် ။ ပညာတက်ပေးစဉ်က ( အဖေကြီးဦးမြခင် ချထားပေးသော ဆေးတော် နှင့် သာ တပည့်များအားပညာ တက်ပေးပါသည် ဟု သစ္စာဆိုပြသည့်) ဆေးတော်တဆူ။
 နောက်တဆူမှာ လပြည့်လကွယ် နေ့များတွင်သာ နဖူး၊လျှာ တွင်သာ ပေါက်ပေးသော ဆေးတော် ဖြစ်ပါသည် ။ မည်သည့်ဆေးတော်သည်စစ်ပါသနည်း။ ၂ ဆူ စလုံး ဆေးတော်စစ်မည်ဟုယုံကြည်ပါသော်
လည်း ကွဲပြားနေသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါသည်။ ကြားရသည်မှာ ဒုတိယဆေးတော်မှာေ၇ှးကဂိုဏ်းဖခင်ကြီးများကိုယ်တိုင် ကိုင်ဆောင်ခဲ့သည့်ဆေးတော်ဖြစ်သည်ဟုသိရပါသည်။ကျောက်သားကဲ့သိုကျစ်လစ်မာကြော ပြီး လက်ညိုးလက်တဆစ် သာသာ ၇ှိပါသည် ။ သို့သော် နဖူး၊လျှာ လောက်သာပေါက်ပေးပါသောကြောင့် ကျွန်တော်တို့ သည် ဆေးတော်စစ် နှင့်ပညာတက်ခွင့်ရသည်ဟု ဆိုနိုင်ပါသလား ဆရာ ခင်ဗျား။ ဥပဇျယ်ဆရာအားမေးရာမည်မှာအခက်အခဲရှိပါသောကြောင့် ဆရာမှ ပွင့်ပွင့်လင်းလင်းမေတ္တာထားပြီးဖြေပေးစေလို့ပါသည်။
     ဆေးတော်အကြောင်း
               ဖြေ။   ။  ဆေးတော်သည် ကျစ်လစ်မာကြောပြီး မွှေးသောရနံ့ရှိပါသည်။ ဆေးတော် စစ် မစစ် သိလိုလျှင် ဆေးတော်အစစ်နှင့် ပညာခံယူထားသော ဆရာတစ်ဦးမှ အခြားပညာမခံယူထားသော သာမန်လူတစ်ယောက်ကို ဘုရားငါးဆူအမိန့် အထက်ဆရာကြီးများအာဏာ ငါ့ဆရာအတိုင်းဖြစ်စေ ဆိုပြီး ရွှေရင်ကျော်ပညာ ၃ဆင့် ပညာ တည်ပါစေသား ပြီးလျှင် မိစ္ဆာ ပယောဂမှန်သမျှတို့ကို စမ်းသပ်စစ်ဆေးနိုင်ပါစေသား. လို့. လက်ဝါးရိုက်၍ ပညာအပ်ပြီး ပယောဂဝေဒနာရှင်လူနာတစ်ဦးကို စမ်းသပ်စစ်ဆေးလို့နိုင်ပါသည်။ ဆေးတော် မစစ် လျှင် ပညာလွှဲအပ်၍မရပါ။ ပယောဂလည်း စမ်းသပ်လို့မရနိုင်ပါ။ ဆေးတော်ကို မည်သည့်ဓါတုဗေဒပစ္စည်းများနှင့် စမ်းသပ်စစ်ဆေး၍ မရနိုင်ပါ။ ဆေးတော်စစ်မစစ် စမ်းသပ်နိုင်သော ဆရာကြီးများမှာ (၁) ဂိုဏ်းချုပ်ဘိုးတော်ဟန်၏ သမီးဖြစ်သူ အမေကြီး ဒေါ်အေးကြည် (၂) သားဖြစ်သူ ပါရမီရှင် ဆရာကြီးဦးစံသိန်း တို့ နှစ်ဦးသာ စမ်းသပ်စစ်ဆေးနိုင်ကြောင်း ကျွန်တော်၏ ဆရာက ရှင်းပြမှု့ကြောင့် သိရှိခဲ့ရပါသည်။
                 အမေကြီးဒေါ်အေးကြည်သည် အဖဆရာကြီး ဘိုးတော်ပွင့် လက်ထက်က ဆရာကြီးဘိုးတော်ပွင့်ကို ဖခင်၏ကိုယ်စား အနီးကပ် ပြုစုစောင့်ရှောက်ခဲ့ရပါသည်။ ဘိုးတော်ပွင့် ဆေးတော်ကြိတ်စဉ် ဝိုင်းဝန်းကူညီပြီး ကိုယ်တိုင်တွေ့မြင်ခဲ့ရသောကြောင့် ဆေးတော်၏ အလေးချိန်၊ အရွယ်အစားကို လက်ဖြင့် ကိုင်တွယ်ရုံဖြစ့် ဆေးတော်စစ်မှန်ကြောင်း သိရှိနိုင်ပါသည်။  
                   ဆရာကြီး ဦးစံသိန်းလက်ထဲတွင် ဖခင်ဖြစ်သူ၏ ဂိုဏ်းချုပ်ဆေးတော်နှင့်အတူ ဆေးတော်ဖော်စပ်မည့် ဆေးအမယ်များ လက်ဝယ်ရရှိထားသောကြောင့် ဆေးတော်ဖော်စပ်သည့် လုပ်ပိုင်ခွင့်ကို အထက်ဆရာတော်ကြီးများ၏ အပ်နှံမှု့ကို ပါရမီရှင် ဖခင်ရဲ့ကိုယ်စား ဂိုဏ်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသောကြောင့် ဆေးတော်စစ်ကို ကိုယ်တိုင် ဖော်စပ်နိုင်ပါသည်။ ကျေးဇူးရှင် အဖေကြီး ဦးမြခင်ရှိစဉ် အဖေကြီး၏ ဆရာကြီးများထံမှ ခွင့်ပြုချက်မရထားသဖြင့် ဆေးတော်စစ်မစစ် စမ်းသပ်မှု့ကို မပြုခဲ့ပါ။ဆေးတော်စစ်မှန်ကြောင်းကို သိနိုင်ပါသည်။
အဖဆရာပြူးလက်ထက်က ဆေးဘုရားကြီးများ၊ အဖဆရာပွင့်လက်ထက်က ဆေးတော်ကြီးများ၊ ဂိုဏ်းချုပ်လက်ထက်မှ ဆေးတော်အများအပြား ရှိပါသည်။ ပညာသင်ဆေးတော်မှ တစ်ဆင့် တပည့်များအား လက်ဆင့်ကမ်းပညာအမွေများ ပေးအပ်နိုင်ပါသည်။

ပညာသင်ဆေးတော်များ အတုပြုလုပ်သူများနှင့် ရှေးရှေးက ဆေးတော်များဟု ယူဆရသည့် အရာများအပေါ် အခွင့်မဲ့ ဆောင်ရွက်ဆုံးဖြတ်ကြသူတွေဟာ ပညာယူစဉ် ဆောက်တည်ခဲ့သော ကတိသစ္စာ သုံးချက် ဘယ်လိုဘဲ လုံခြုံပါစေ အဲဒီသစ္စာသုံးချက်ထက် ပဓာဏကျနဲ့ စည်းသစ္စာကြီးကို ပျက်ခဲ့သော စည်းသစ္စာပျက် ပိုလို့ချက်ပါတယ်.။ ဝိဇ္စာတည်ထောင်တဲ့ဂိုဏ်း ဝိဇ္စာစောင့်ရှောက်တဲ့ ဂိုဏ်းကို ဘယ်ဆေးသုံးကြမလဲ။ ဝိဇ္စာဆေးဘဲ သုံးကြမှာပေါ့။ ဝိဇ္စာစောင့်တဲ့ဆေး မဟိဒ္ဒ္စတန်ခိုးတွေ ကိန်းတဲ့ဆေး တော်ဝင်မဟာ သိဒ္စိဖြာတဲ့ဆေးပါ။

၂။ နောက်တချက်မှာ ပညာပျက်သွားသောတပည့်တဦးသည် ပညာပြန်ယူလျှင်  အဆင့်စမ များကိုပြန်ပေါက်၇န်လို့ပါသလား ......လ၀ါးရိုက် အမိန့်ပြန် ရုံနှင့် လုံလောက်ပါသလား ။
     ဖြေ။     ။ ပညာပျက်သွားသော တပည့်တစ်ဦး ပညာပြန်ယူလျှင် အဆင့်စမများကို  ပြန်လည်၍ တိုက်ကျွေးသင့်ပါသည်။ အကယ်၍ အရက်ဘီယာများ သောက်ခဲ့ပါက

တေးထပ်ကဗျာများ.



သိဒ္စိရှင် မဟိဒ္စိရှင် ရွှေရင်ကျော်ဂိုဏ်းတော်ကြီးကို စောင့်ရှောက်ကြကုန်သော အထက်ဆရာတော်ကြီးများနှင့် ဆရာ့ဆရာကြီးများ၏ သိဒ္စိဆုကြီးများ ချီးမြှင့်ခြင်းခံရသူ ဆရာကြီး ဦးရဲညွန့်(မြဝတီ) အကြောင်း


အသက်၅၇ အရွယ်ရှိဆရာကြီးဦးရဲ့ညွန့်သည် လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်လောက်က ဆရာကြီး ဦးခင်မောင်ဝင်း ( ဆရာကြီး ဦးစိန်သောင်း၏ သားတပည့်)( အဖေကြီးဦးမြခင်) ထံမှ ပညာကို လက်ဆင့်ကမ်းရရှိခဲ့ပါသည်။ စုတ်တော်ပိုင်၊ ဆေးတော်ပိုင် ဆရာကြီးတစ်ဆူဖြစ်ပါသည်။ ပယောဂဝေဒနာရှင်များကို ကုသရင်း ဆင်းရဲပင်ပန်းစွာဖြင့် ဂိုဏ်းတော်၏ နှစ်ပတ်လည်ပူဇော်ပွဲကို တပည့်များ နှင့်အတူ နှစ်စဉ်ကျင်းပလှူဒါန်းနိုင်ခဲ့ပါသည်။
 

(ဆရာကြီး ဦးရဲညွန့်၊ မြဝတီမြို့)
 ဆရာကြီး ဦးစံသိန်း (ဓနုဖြူ) ရှိစဉ်ကာလတွင် ဆရာကြီး၏ ဆုံးမသွန်သင်လမ်းညွန်မှု့အောက်တွင် ရှိနေပါသည်။ ဆရာကြီး ဦးစံသိန်း ကွယ်လွန်ချိန်တွင် ထူးခြားသော အိပ်မက်များကို မက်ခဲ့ပါသည်။ အိမ်မက်ဖြစ်စဉ်တွင် ဆရာကြီး ဦးစံသိန်းနုပျိုစဉ်အရွယ်က ပုံစံနှင့်အတူ ခြင်ထောင်ထဲ၌ ဆရာကြီးဦးစံသိန်း၏ ဆုံးမမှု့ကို ခံခဲ့ရပါသည်။ များမကြာမီ ဆရာကြီးဦးစံသိန်း ကွယ်လွန်ကြောင်းသတင်းကြားခဲ့ရပါသည်။ ထို့နောက်ပိုင်းတွင်  ဆရာကြီး ဦးရဲညွန့်၏ ကိုယ်ပေါ်၌ ယားယံသော ဝေဒနာကိုခံစားရပြီး. ခေါင်း၊ နဖူးထိပ်၌ ကိုးနဝင်း စမ သုံးဆူ ပေါ်ထွက်လာခြင်း၊ ရင်ပိုင်း ကျောပိုင်း၊လက်ဖဝါး၊ လက်မထိပ်တို့၌ အောက်ပါ စမ များသည် တစ်ခုပြီးတစ်ခု ထင်ရှားစွာ ပေါ်ထွက်ခဲ့ပါသည်။

အင်္ကျီအဖြူပေါ်၌လည်း. စမ များ ထင်ရှားစွာ ထင်ကျန်ခဲ့ပါသည်။ ညအိပ်စဉ် ခေါင်းအုံးစွပ် အဖြူ၌လည်း ထင်ရှားစွာ စမ များ ပေါ်နေခဲ့ပါသည်။ တပည့်များနှင့် လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်စဉ် စမ များ ပေါ်ထွက်နေသည်ကို တပည့်များက ကိုယ်တိုင် မြင်တွေ့ခဲ့ရပါသည်။ တပည့်တစ်ဦးမှ စမ များကို ဗီဒီယို ကင်မရာ ရိုက်ကူးရာတွင် ဆရာကြီး ဦးရဲညွန့်နှင့် ပုံတူလူရုပ်ပုံသည် နှစ်ကိုယ်ပွားသကဲ့သို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရပါသည်။


( ဆရာကြီး ဦးရဲညွန့်၏ လက်ဖဝါးပေါ်၌ ယားယံပြီး သိဒ္စိ စမ များ ထင်ရှားစွာပေါ်ထွက်နေပုံ)
ဘုရားရှိခိုးနေစဉ် ဘုရားခန်းမှ အထက်ဆရာကြီးများ ပွဲပေါ်တွင် ဆရာကြီးဦးရဲညွန့်အား ချီးမြှင့်ပေးမည့် စမ များကို ဆွဲသားနေသည်ကို ကိုယ်တိုင် အာရုံ၌ မြင်တွေ့ခဲ့ရပါသည်။ ဆရာကြီး ဦးရဲညွန့်သည် ဂိုဏ်းတော် လုပ်ငန်းအပြင် ဗုဒ်ဓ၏ လမ်းစဉ်ဖြစ်သော သစ္စာလေးပါးတရားတော်ကို ကျင့်ကြံအားထုတ်နေသူတစ်ယောက်ဖြစ်ပါသည်။ သီလ သမာဓိ သစ္စာ မှန်ကန်ပြီး စိတ်ဓါတ်ဖြူစင် ကြိုးစားမှု့ကြောင့် အထက်ဆရာတော်ကြီးများ၏ သိဒ္စိချီးမြှင့်ခြင်းကို ကိုယ်တိုင် လက်ခံရရှိခဲ့ပါသည်။

ရွှေရင်ကျော်ဂိုဏ်းသည် အထက်လမ်း ဓမ္မအရိယာ သူတော်စင်ဂိုဏ်း စစ်စစ်ဖြစ်ပြီး 












 ( ဆရာကြီး ဦးရဲညွန့်၏ လက်ဖဝါးပေါ်၌ ယားယံပြီး သိဒ္စိ စမ များ ထင်ရှားစွာပေါ်ထွက်နေပုံ)

အထက်ဆရာတော်ကြီးများ၏  စောင့်ရှောက် စောင်မ ကူညီခြင်းကို ဂိုဏ်းဝင်ပညာရှင်မိသားစုအားလုံး ခံစားရပါသည်။
ထို့ကြောင့် သီလ သမာဓိ သစ္စာနှစ်ဖြာ စိတ်ထားဖြူစင် လုပ်ရပ်မှန်ကန်လျှင် အထက်ဆရာကြီးများ၏ စောင့်ရှောက်မှု့ကို ခံရမည်ဖြစ်ကြောင်း ဆရာကြီး ဦးရဲညွန့်၏ ကိုယ်တွေ့ဖြစ်ရပ်မှန်မှ သက်သေတစ်ခုပင် ဖြစ်ပါကြောင်း…။
ဆရာကြီး ဦးရဲညွန့်၏ ခွင့်ပြုချက်အရ

ဆရာအောင်မျိုး

Thursday, June 7, 2012

က္ကစာသယမဟိဒ္ဒိစေဂိုဏ်းမှ ရွှေရင်ကျော်က္ကစာသယမဟိဒ္ဒိစေဂိုဏ်းတော်ကြီး ပေါ်ပေါက်လာပုံမှာ


၁။ ရွှေရင်ကျော်က္ကစာသယမဟိဒ္ဒိစေဂိုဏ်းတော်ကြီး တစ်ခုလုံးကို စတင်တည်ထောင်သူမှာ မင်းသားကြီး ဦးအောင်ဖြစ်ပါသည်။ ၄င်းနောက် မြတ်စွာဘုရားကြီး၏ သာသနာနော် မှေးမှိန်အောင် ၊ မထွန်းကားအောင် မတည်တံ့အောင် ဖျက်လို့ဖျက်စီး လုပ်ကြံနေကြသော လူမိစ္ဆာ နတ်မိစ္ဆာ တို့ကို ပပျောက်စေခြင်းငှာ ၊ အဘဆရာအေးခေါ် အဘ ဘိုးတော်စင်္ကြာမင်းသား လေးက မြတ်စွာဘုရားကြီး သာသနာတော်ကို ထွန်းလင်းတောက်ပအောင်၊ တည်တံ့ခိုင်မြဲအောင် ပြန့်ပွားအောင် ရွှေရင်ကျော်က္ကစာသယမဟိဒ္ဒိစေဂိုဏ်းတော်ကြီးအမည်ဖြင့် စတင်ထူထောင်ခဲ့သည်။
ထိုမှတစ်ဖန် ပညာခံယူကြသည့် ဆရာ/ဆရာမများ သိကြသည့်အတိုင်း အဘဘိုးတော်စင်္ကြာမင်းသားမှ အဘဘိုးတော်ပြူးသို့လည်းကောင်း ၊အဘဘိုးတော်ပြူးမှ တစ်ဖန် အဘဘိုးတော်ပွင့်သို့ လည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့သည်။ ဤတွင် ရွှေရင်ကျော်က္ကစာသယမဟိဒ္ဒိစေဂိုဏ်းတော်ကြီး သည် အဘဘိုးတော်ပွင့် လက်ထက်တွင် နောက်ဆုံးဖြစ်ပေသည်။
ယနေ့ ရွှေရင်ကျော်ဟု မြန်မာပြည်တွင်သာမက ပြည်ပနိုင်ငံများအထိပါ ဂုဏ်သတင်းကျော်ကြားနေသည့် ရွှေရင်ကျော်က္ကစာသယမဟိဒ္ဒိစေဂိုဏ်းတော်ကြီးသည် ကျေးဇူးတော်ရှင် အဘဘိုးတော်ဟန် လက်ထက်တွင် စတင်ခဲ့ပေသည်။ အဘိုးတော်ဟန်သည် အဘဘိုးတော်ပွင့်၏ တပည့်များထဲတွင် မိမိဆရာအဘဘိုးတော်ပွင့်အပေါ်၍ သံယောဇဉ်အရှိဆုံး အလိုက်သိသစ္စာရှိ အနစ်နာခံ၍ သီလသစ္စာ သမာဓိ ကြိုးစားဆည်းကပ်သူ ဖြစ်လေသည်။ ယင်းကဲ့သို့. ကြိုးနွံစွာ ပညာဆည်းပူးနေသည့် အဘဘိုးတော်ဟန်ပညာတော်ပုံ၊ ဆရာမှ ချစ်ခင်အရေးပေးပုံကို ပညာတူညီအကိုအချို့မှ အထင်အမြင်လွဲ၍ မနာလိုကြချေ. ထို့ကြောင့်လည်း ဆရာနှစ့် တပည့်နှစ်ဦးအကြား သွေးခွဲသပ်လျှို အထင်အမြင်လွဲမှားအောင်

ရွှေရင်ကျော် လင်္ကာ


ပညာပြည့်ဝ  နှလုံးလှသော်၏
ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင်
ကျင်းကျယ်တွင်းဖောက် ဖြတ်တောက်လိုရာ
ပြီးနိုင်စွာ၏ (   မာဃဒေဝ )
အောင်ဇေယတု သဗ်ဗမင်္ဂလံ
အရဟံဟု အစပြု၍
ကမ္မဌာန်းနှင့် ကြိုက်ရာလေးဆယ်..
အာရုံကြွယ်၍ နှစ်သက်အားထုတ်
ပါတ်တကုတ်လျှင် ထင်မြင်ပေါက်ရောက်
အာဏာတန်ခိုး လွှမ်းမိုးထက်မြက်လိမ့်မည်တည်း။
ရွှေရင်ကျော်ဟု နာမကျော်ဟီး
ဂိုဏ်းတော်ကြီးကို ချုပ်ကိုင်ရပြန်
ဘိုးတော်ဟန်မှ စခဲ့ရပြန်
ကျေးဇူးတော်ရှင် အဖေခင်က
ပြုစုစောင့်ရှောက် ဂိုဏ်မပျောက်အောင်
များစွာ ထောင်သောင်း တပည့်ပေါင်းကို
မကောင်းမြစ်တား ကောင်းရာညွှန်လတ်
ပညာသင်စေ ဆုံးမရင်းနှီး
ဖခင်ကြီး၏ အာစရိယ
သြဝါဒကို လိုက်နာကျင့်ကြံ
ပန်းကောင်းပန်မည်. လျှမ်းလျှမ်းတောက်တောက် ရှိစေသော်…
လေးပါးကျော်လျှင် ဘိုးတော်ရှင်သို့
စောင့်ရှောက်ပေထ က္ကစ္ဆာသယဟု
မဟိဒ္ဒိစေ ရွှေရင်ကျော်သည်
ကမ္ဘာာတည်သရွှေ့ တည်ရှိလေမည်..
ကမ္ဘာပါတ်လုံး လွှမ်းစေသော်..
သုံးပါးသစ္စာ ပြည့်စုံပါမူ
အဆိပ်အမျိုးမျိုး   သေခြင်းဆိုးနှင့်.
ဘယ်သောအခါမှ ပယောဂ၏
နှောက်ယှက် အန္တရာယ် ကင်းဝေးဖယ်၍
မကြုံရပေ.. စောင့်ရှောက်လေသည်..
ထွက်ရပ် ဝိဇ္စာ လှမ်းစေသော်..။
သေရည်အရက် သူ၏မယား..
ကျွဲနှင့် နွားကို ရှောင်ရှားလေပါ..
သုံးသစ္စာကို မြဲသာခန့်ခိုင်
မယိုင်စိတ်ထား ကိုယ်တွင်းထားက
မိစ္ဆာအောက်လမ်း အဆိပ်လွှမ်းလည်း
ဆယ်ယူကယ်မ ဝေနေယျအား
သက်ချမ်းသာရာ မှန်းစေသော်.။
ကံဥာဏ်ဝီရိယ သုံးဌာနနှင့်
သီလမြဲစွာ သစ္စာကတိ
အမှန်ရှိ၍ တိတိကျကျ
စီရင်မှသာ မုချမှတ်စွာ
ဖြစ်ကုန်ရာ၏။
ရှေးကံမပါ ဥာဏ်မှာမလင်း
ဝီရိယကင်းလျှက် စောင့်ခြင်းသီလ
တကွသစ္စာ ကင်းလွတ်ပါမူ
မှန်စွာလူမိုက် စိတ်၌ကြိမ်းဝါး
ငါတကားဟု ပြငြား၍သာ
မှန်မရဘဲ ပျက်ရမည်သာ
ယုံကြည်ပါဟု ဆရာသူမြတ်
မိန့်မှာအပ်သည်.. ကျမ်းမြတ်အလာ နိဂုံးတည်း..။
ကျေးဇူးတော်ရှင် အဖေခင်မှ
သွန်သင်ဆုံးမ သြဝါဒတွင်
မာန်စွယ်ကိုချ သည်းခံမှဟု
မုချချမ်းသာ နိဗ်ဗူတာကို
ရောက်ရှိဧကန် ချီးကာမာန်နှင့်
လိမ္မာသက်ရှည် ရာကုဋေကို
ရှာဖွေပနှောက် သဒ္ဒါပေါက်လျှင်
တစ်ယောက်ရဲရဲ ရနိုင်ခဲဟု

ကျင့်ကြံအားထုတ်


ဒီဂိုဏ်းကလည်းဘဲ ကမ္မဌာန်းလေးဆယ်နဲ့ ပတ်သက်တဲ့ ဟာတွေလဲ ပါတယ်. ဒီပညာက ဆေးစွမ်းတယ်. ဂိုဏ်းမှန်တယ်ဆိုပေမယ့်.. ဘုရားအလုပ် မလုပ်ဘဲ နေလို့ မရသေးပါဘူး..။
ဆရာမကြီး ဒေါ်အေးကြည်

ထူးခြားချက်


အဖေမမာတဲ့နေ့က စထိုးထားတဲ့ပွဲ ၂လနဲ့ ၁၈ ရက်လား ၁၉ ရက်လား ကြာတယ်..။ အဲဒီအချိန်ခါကြမှ မှည့်တယ်.. အသာကိုင်လိုက်ရင်.. အစေးထွက်နေတယ်. ဒီငှက်ပျောသီး.. အဖေဒီနေ့ထွက်တယ်. ဒီနေ့မှည့်တယ်.. ဝင်းနေတာဘဲ…
အဖေကြီး ဦးမြခင် မိန့်ခွန်း

စောင့်ကြည့်


အဖေထွက်တာ ရှစ်နှစ်ရှိပြီ နောက်နှစ်ဆို ကိုးနှစ်.. နောက်တစ်နှစ်ဆို ဆယ်နှစ်.. ဒီနှစ်အတောအတွင်းမှာ ရုပ်လုံးပေါ်သွားလိမ့်မယ်.. ဘာရုပ်လုံးပေါ်မလဲဆိုရင်. တိုက်နံပတ် ၄၈ အဝမ့်တိုက် အောက်ထပ်မှာ. အဖေပြောသွားတယ်.. ငါ့ဂိုဏ်းထဲမှာ လူတွေများတယ်.. မကောင်းတဲ့ အကောင်တွေ. အကုန်သတ်ပစ်မယ်ဆိုတာ.. အဲဒီရုပ်လုံးပေါ်လာလိမ့်မယ်.. ပညာသိမ်းလိုက်လိမ့်မယ်.. အဲဒီဆယ်နှစ်ပြည့်တဲ့ ဟိုဖက်ကို စောင့်ကြည့်.
အဖေကြီးဦးမြခင် တိပ်ခွေမှ

ဒဏ်


ဂိုဏ်းပျက်စီးအောင် လုပ်လာရင်. ဒဏ်ခံရလိမ့်မယ်.. ဒဏ်ဆိုတာဟာ အပြစ်ပေးတာ.. အခုမထိဖူးသေးတော့ ဒဏ်ဆိုတာ ကိုကျော်ဆွေတို့. သင်းသင်းလဲ့တို့ အောက်မေ့နေရလိမ့်မယ်..သိပ်ကြောက်စရာ ကောင်းတယ်နော်..သိပ်ကြောက်စရာကောင်းတာ..
အဖေကြီး ဦးမြခင် မိန့်ခွန်းမှ