Monday, July 30, 2012

ပယောဂ စမ်းသပ်နည်း- စမ်းသပ်ကွက် အဆင့်ဆင့်


v  လူနာ၏ နေ့နံနှင့် နာမည်ကို မေး၍ အသက်နှင့် ခန္စာကိုယ် အအပ်ခံရမည်။
v  ထိုးနှံထားသော ဆေးဝါး.ဆောင်ထားသော အင်းများ၊ ဆောင်ထားသော လက်ဖွဲ့များကို ပယ်ရမည်။
v  အိမ်နှင့် ခြံမြေ၊ ကိုးကွယ်သည့်ပွဲများ အအပ်ခံရမည်။
 ပယောဂ စမ်းသပ်ခြင်း
Ø  အနံ့ပေး၍ စမ်းသပ်ခြင်း
Ø  ခြေထောက်မ၍ စမ်းသပ်ခြင်း
Ø  စက်သိမ်း စမ်းခြင်း
Ø  စက်လှည့် စမ်းခြင်း
Ø  စက်ဆွဲ စမ်းခြင်း
Ø  စက်ထောက်၍ စမ်းသပ်ခြင်းတို့ ဖြစ်သည်။
အနံ့ပေး စမ်းသပ်ခြင်း
အနံ့များ နံရာ၌ ပယောဂအစွဲ အမျိုးမျိုးကိုလိုက်၍ အောက်ပါအတိုင်း သက်သေခံပါ လိမ့်မည်။
Ø  ပုပ်စော်နံ - သရဲစွဲ
Ø  ညှီစော်နံ - ရွာသူစုန်း
Ø  စိမ်းရွှေရွှေနံ  - အစိမ်း

Monday, July 23, 2012

ဂိုဏ်းတော်ရာဇဝင် အကျဉ်းချုပ်




ရွှေရင်ကျော်ပညာကို နိုင်ငံခြားသားများက လက်ခံရယူပုံ (၂)


Miss Silvia and Miss Ivette who came from Spain visited to Sayar Aung Myo Aung, when they arrived in Maesot. They suggest with him about Buddhism, five precepts, mediation to attain tranquility and religions.
Sayar Aung Myo said and explained them about the holy arts subjest of Shwe Yin Kyaw that can cure the people who are attacked by bad evils and ghosts. They followed in Shwe Yin Kyaw. Then Sayar Aung Myo gave them the holy arts subjests of Shwe Yin Kyaw especially art of self-defense (occult science)













Sunday, July 8, 2012

ဂိုဏ်းချုပ်ဆေးတော်ကြီးကို ယခုလက်ရှိတွင် မည်သူ့ထံ၌ ထိန်းသိမ်းထားပါနည်း။



ဂိုဏ်းချုပ် ဆေးတော်ကြီးကို ဂိုဏ်းချုပ်ဘိုးတော်ဟန် ထွက်ပြီးနောက် သားဖြစ်သူ ပါရမီရှင် ဆရာကြီးဦးစံသိန်းမှ ဂိုဏ်းတော် တာဝန်နှင့်အတူ ဆေးတော်ကြီးကိုပါ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါသည်။ ယခုအချိန်တွင် ဆရာကြီး ကွယ်လွန်ပြီးနောက် ဆရာကြီးဦးစံသိန်း၏ သားသမီးများမှ ဂိုဏ်းချုပ်ဆေးတော်ကြီးနှင့် ပညာသင်ဆေးတော်များကို ထိန်းသိမ်းစောင့်ရှောက် ထားပါသည်။

ဆေးတော်အကြောင်း သိကောင်းစရာ


 ၁။ အဖဆရာအေးခေါ် စင်္ကြာမင်းသားကိုင်ဆောင်သော သံလျက် အရိုးသွားသည် စေပိုင် အာဏာပိုင်စေရန်
      သံလျက်သည် မြန်မာဘုရင်မင်းမြတ် ခေတ်အဆက်ဆက် ရေမြေ့သခင်ရှင်ဘုရင်များ ကိုင်ဆောင်သော သံလျက်ဖြစ်ပါသည်။ သြဇာအာဏာ အထူးရှိပါသည်။ ရှင်ဘုရင်မှ သံလျက်ဖြင့် မြေကြီးပေါ်၌ (စည်းသုံးချက်) တားပြီး အမိန့်ပြန်ထားပါက မည်သူမဆို ကျူးကျော်ခဲ့ပါက ခြေကျူး ခြေပြတ် လက်ကျူး လက်ပြတ် မီးလိုပူ ပြာအတိကျ စင်္ကြာဝဠာ အပြင်သို့ လွင့်စင်စေရမည်ဟု အမိန့်ပြန်ထားခဲ့လျှင် မိစ္ဆာဘီလူးကြီးများပင် ကြောက်ရွံစွာဖြင့် မကျော်လွှားဝံ့ပါ။ အာဏာစက် အလွန်ပြင်းထန်ပါသည်။ ရွှေရင်ကျော်ဆရာများသည်လည်း စေပိုင် အာဏာပိုင်ဆိုင်ကြပြီး မကောင်းသောမိစ္ဆာဝင်များကို အမိန့်အာဏာဖြင့် ဆုံးမနိုင်ပါသည်။ အာဏာကို သုံးရခြင်းမှာ မာန်နတ်အသင်းဝင် မိစ္ဆာများသည် ဘုရားရှင်လက်ထက် ကတည်းက မြတ်စွာဘုရားနှင့် ရဟန္တာအရှင်သူမြတ်များကို ဒုက္ခအမျိုးမျိုးပေးပြီး နှိပ်စက်ခဲ့ပါသည်။ အရှင်မဟာ မောဂ္ဂလန်မထေရ်မြတ်ကြီးကို မာန်နတ်သည် အရှင်မြတ်၏ ပါးစပ်ပေါက်မှ တစ်ဆင့် ဝမ်းတွင်းသို့ ဝင်ရောက်ကာ အူများကြားထဲ၌ လမ်းလျောက်ပြီး နှိပ်စက်ခဲ့ပါသည်။ အရှင်သူမြတ်မှ ဓမ္မတရားဖြင့် ဆုံးမခဲ့ဖူးပါသည်။ အချို့သော ကြမ်းတမ်းသော မိစ္ဆာဝင်များသည် ဓမ္မတရား မေတ္တာတရားကို နားမလည် လက်မခံဘဲ မကြောက်ရွံပါ။ ရွှေရင်ကျော် ဆရာများသည်လည်း မိစ္ဆာများကို အောင်နိုင်ခြင်းမှာ မေတ္တာဖြင့်သာ အောင်နိုင်ပါသည်။ သို့သော် မေတ္တာဖြင့် ဆုံးမ၍မရသော ကြမ်းတမ်းသော မိစ္ဆာများကို အာဏာစက်ဖြင့် ဆုံးမရခြင်းဖြစ်ပါသည်။
၂။ ကနက္ကဒန် ထီးဖြူ၏ပိတ်စ  ( ဘုန်းကြီးစေရန်)
     ဘုရင်သူမြတ်များသည် ရှင်ဘုရင်အဖြစ် တင်မြောက်ခြင်းခံရပါက မင်းကျင့်တရားဆယ်ပါးနှင့် ညီညွတ်လျှင် ထီးဖြူသည် အလိုလို ပွင့်ပါသည်။ မင်းကျင့်တရားဆယ်ပါးနှင့် မညီညွတ်ပါက ထီးဖြူမပွင့်ပါ။ ထီးဖြူ၌ စောင့်သော နတ်ကောင်းနတ်မြတ်များ

Wednesday, July 4, 2012

ရွှေရင်ကျော်နှင့် အဖွင့်ပညာ

    ယခုအဖြစ်အပျက်မှာ လွန်ခဲ့သော တ နှစ်ခန့်က
ကျွန်တော်ကိုယ်တိုင်တွေ့ကြုံခဲ့
ရသောအဖြစ်အပျက်ဖြစ်ပါသည်။
ယခုစာပိုဒ်အပါအ၀င် ပါဝင်သောဆရာကြီးများ၏ အမည်နာမများ နှင့် မဖော်ပြသင့်ဟု
ဆရာယူဆသော အကြောင်းများကိုဖယ်ပြီး ညီအကိုမောင်နှမ များပညာဗဟုသုတ
တိုးပွားစေရန် website တွင်ဖြေကြား ဖော်ပြပေးပါရန် မေတ္တာ ရပ်ခံပါသည်။   ။

ခင်မင်လေးစားစွာဖြင့်
ရွှေရင်ကျော်ဆရာတစ်ဦး

                              " ရွှေရင်ကျော် နှင့် အဖွင့်ပညာ "

                တနေ့မိတ်ဆွေတဦး နှင့် စကားစပ်မိ ရာ မှ သူလည်း
ဂိုဏ်းတော်က ဆေးတော်ပိုင်ဆရာကြီး တဦး ဖြစ်ကြောင်း သိရသဖြင့်
အဖဆရာမည်သူလဲ ဟု ကျွန်တော်က မေးရာ သူ၏အဖြေကိုကြားမိရာ ကျွန်တော်
တော်တော်လေးအံသြခဲ့ရပါသည် ။ ။ သူက ကျွန်တော်ကို ခင်ဗျား
ရွှေရင်ကျော်အဖွင့်ပညာ ဆိုတာကြားဖူးလား ဟု ပြန်မေးပါသသည် ။ ကျွန်တော်
မကြားဖူးပါဘူးဆရာ ပေါ့ ။ သူ က ရှငိးပြပါသည် ။ ကျွန်တော် ၏ အရင်ဆရာက
ဆရာကြီး ဦးမင်းလွင်( ရန်ကုန် ) ပါတဲံ့ ။ သို့သော် ယခု တော့ ယင်းဆရာ
များကို ပယ်လိုက်ပြီး အဖေကြီးတို့ နှင့် တိုက် ရိုက် ချိတ်ဆက်ပြီး
နေပါသတဲ့ ။ သိလိုသောအရာရှိလျှင်လည်း အဖေကြီးတို့ကို အာရုံ ပြုပြီး
အာရုံထဲတွင်ဆီမီး ၅ တိုင် ပူဇော် ပြီး ဆက်သွယ်လျှောက်ထားလို့ ရပါသည် တဲ့
။ ယင်းပညာကို စတင်ရရှိတာက သူ၏အမျိုးသမီး ဖြစ်ပြီး သူကနောက်မှရပါသည်တဲ့
...ပယောကဂများကုစရာရှိလျှငိလည်း အဖပွင့် ကိုယ်တိုင်ကြွေ၇ာက်ပြီး
ပြတ်သားနိုင်နင်းစွာကုသပေးပါသတဲ့...နောက်သူက ကျွန်တော်ကို
ပြန်မေးပါသေးသည် ....ခင်ဗျား စကြာလည် စက်ဆိုတာ ကြားဖူးပါသလား တဲ
့...ကျွန်တော်ရိုးရိုးသားသားပင် ကျွန်တော်မှာ ဆရာနှငိ့ဝေးနေသောကြောင့်
ပညာဗဟုသုတ မရှိုသေးပါ ဆရာပြောသောစက်အကြောင်းကိုလည်းမကြားဖူးပါ ဆိုတော့
သူက ရှငိးပြ ပါသည် ။ ဒီစက် က ကုသပေးပြီးသောအခါ အိမ်ရောက်သည်နှင့်
ပြန်ဖြစ်ပါသတဲ့ ....ဆရာက အမိန့်ပြန် ပြီးရိုက်ထုတ်လိုက်သော စက်များသည်
ခြေကနေထွက် ပြီး ခေါင်းကနေ ပြန်ဝင်ပါသတဲ့ ။ ဒီစက်ကို လက်ရှိ
ရွှေရင်ကျော်ပညာနှင့် ဘယ်လိုမျှ မကုသနိုင်ပါ ။ သူပြောသော အဖွင့်ပညာနှင့်သာ
ကုသနိုင်ပါသည်  တဲ့ ။ လူလောက မှာလို အဖျက်သမားများက
လက်နက်ဆန်းများသုံးလာသောအခါ စစ်တပ်ကလည်းသူ့ထက်ကောင်းတဲ့ လက်နက်များတီထွင်
အသုံးပြု ရသလိုပေါ့ဗျာ တဲ့ ...... ......ဒါကြောင့် အဖဆရာများက ဒီ
အဖွင့်ပညာကို သူအား သင်ကြားပြသပေးခဲ့သည် ဟု ပြောပါသည်
....ကျွန်တော်မနေနိုင်တော့ဘဲတခုတော့မေးလိုက်သည် ... ဆရာ့ပညာက
အကြားအမြင်သဘောလား ဆိုတော့ ...နည်းနည်းအကြားအမြင်ရရင်နည်းနည်းအောက်လမ်း
များများရရင်များများအောက်လမ်းဘဲလေတဲ့ ...ဒါက အဖေကြီးတို့နှင့်
တိုက်ရိုက်ချိတ်တာတဲ့ ။ ကျွန်တော်လည်း ဘယ်သူမှမဝေဖန်ရဘူးဆိုတဲ့
စကားလေးသတိရတာနဲ့ဘာမျှမပြောဘဲ နားထောင်ပြီးပြန်လာခဲ့ပါတယ်ဆရာ ။ ။
ယခုတော့မေးမြန်းဖို့ အခွင့်ရတာနဲ့ မေးရခြင်းဖြစ်ပါသည် ။ စိတ်ထဲမှာတော့
သိနေပေမယ့် ဆရာတို့ဖြေပေးလျှင် ပိုပြီး ပြည့်စုံလိမ့်မည်ဟု မျှော်လင့်
ပြီး တင်ပြလိုက်ရပါသည် ခင်ဗျား  ။  ။

ခင်မင်လေးစားစွာဖြင့် ....
ဖြေ။            ။
၁။ ရွှေရင်ကျော် အဖွင့်ပညာဆိုတာ မရှိပါ။ စတန့်ထွင်ထားခြင်းသာ ဖြစ်ပါသည်။
၂။ မိမိ၏ ဥပ္ပဇျယ် ဆရာကို ဖျောက်ထားလျှင် ပညာပျောက်ပါသည်။ ( ဆရာဖျောက်လျှင် ပညာပျောက် )( ဆရာထက် တစ်ပတ်ပိုလျှင် မျောက်အိုဖြစ်)

ကျေးဇူးရှင်အဖေကြီး ဦးမြခင်၏ သြဝါဒများမှ တစ်ဆင့်မှ ကိုးဆင့်ရှင်းလင်းချက်များ


၁။ တစ်ဆင့်၏အဓိပ္ပ်ါယ်မှာ
         ခေါင်းမှာ သံဂုံပမယျထိုးခြင်းအားဖြင့်
    သံ- ကောက္ကသံဂုံဘုရား
   ဂုံ  -  ဂေါဏဂုံဘုရား
     ပ- ကဿပဘုရား
    မ-  ဂေါတမဘုရား
  ယ် - အရိေမၼေဒးယ်ဘုရား
           ညာဖက်လက်ညိုးမှာ ဥုံကာမကာမသေ ထိုးခြင်းအားဖြင့် ကာမဂုံနှင့် ပတ်သက်သမျှ လူကောင်းသူကောင်းပါမကျန် လူရောနတ်ပါ ဗြဟ္မာမကြွင်း ခပင်းဥသုံ အလုံးစုံ အကုန်ရှိ မိစ္ဆာအောက်လမ်းပါ ချစ်စေပါသည်။
          ဘယ်လက်ညိုးမှာ ဥုံထကာထကာသေ ထိုးခြင်းဖြင့် ဓါးလှံလက်နက် အမြောက်စိန်ပြောင်း အစရှိသော လက်နက် အန္တရာယ် ပြုမည့် လက်နက်မှန်သမျှ သစ္စာ တည်ကြည်သည့်ကာလပတ်လုံး ဘယ်တော့မှ ကြံစည်၍ မရနိုင်ပါ။ ( ကာယသိဒ္ဓိမြောက်သည်)
ဆေးတော်အသားထဲရောက်လျှင် ဝိဇ္ဇာစောင့်သည် အဘဆရာတော်ကြီးများ နတ်မင်းကြီးများနှင့် အမေ သူရဿတီမယ်တော်ပါ စောင့်သည်။
မှတ်ချက်။  ။ သေခြင်းဆိုးနှင့် မသေ၊ လူသတ်၍မသေ၊ မိစ္ဆာအောက်လမ်း သတ်၍ မသေခြင်းဖြစ်သည်။
နှစ်ဆင့်၏ အဓိပ္ပါယ်
ခြောက်ပုံ စမ သည် စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုတိသာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝဿဝတီ စသော နတ်ပြည်ခြောက်ထပ်ကို အစိုးရတော်မူသော သိကြားမင်းစောင့်သည်။ ညာလက်မှရင်းတွင် ကယှက်ကယှက်ကစ၍ ဆွဲသဖြင့် ကာယသိဒ္ဓိကို လူအများစုက သိထားတာက လက်ဖွဲတစ်လုံးကို ပါးစပ်ထဲ ငုံ (သို့) ဆေးထိုးပြီးတော့ လက်မောင်းကို ဓါးနှင့် ခုတ်တာ ကာယသိဒ္ဓိမှတ်သည်။ အဲဒါ ကာယသိဒ္ဓိမဟုတ်ပါ။ ကာယသိဒ္ဓိဆိုတာက လက်နက်ကိုင်လာတဲ့သူကို ချစ်စေတာ၊ အဲဒါ ကာယ သိဒ္ဓိဘဲ ( သတ်မလို့လာတဲ့လူဟာ လက်နက်ချရင် ကာယသိဒ္ဓိဘဲ)
              ညာလက်ဖဝါးမှာ ထိုးသော မြွေစမ သည်-
              အန္တော= ၁+၇=ဂဠုံ+နဂါး၊ ဦးညို= ၁+၃ (ဓါတ်သဘောအရ ရန်ဖက်)
ဘယ်လက်ဖဝါးမှာ ထိုးသော မြွေစမများသည် အဖေကြီးဘိုးတော်ပွင့်လက်ဖဝါးတွင် ဖွေးရာပါ စမ များဖြစ်ပါသည်။

Tuesday, July 3, 2012

Friendly Visitors,




Miss Monica and Miss Pacona who came from Spain visited to Sayar Aung Myo Aung, when they arrived in Maesot. They suggest with him about Buddhism, five precepts, mediation to attain tranquility and religions.
Sayar Aung Myo said and explained them about the holy arts subjest of Shwe Yin Kyaw that can cure the people who are attacked by bad evils and ghosts. They followed in Shwe Yin Kyaw. Then Sayar Aung Myo gave them the holy arts subjests of Shwe Yin Kyaw especially art of self-defense (occult science).
 စပိန်နိုင်ငံသူ Miss Monica နှင့် Miss Pacona တို့ သူငယ်ချင်းနှစ်ဦးသည် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိစဉ် ဆရာဦးအောင်မျိုးထံ အလည်ရောက်ရှိခဲ့ပါသည်။ ဆရာဦးအောင်မျိုးမှ ဗုဒ္ဓဘာသာအကြောင်း၊ ငါးပါးသီလ၊ သမထ ဝိပဿနာ ကျင့်စဉ်များအကြောင်းများကို ရှင်းပြခဲ့ပါသည်။ ဘာသာရေးအကြောင်းများလည်း အပြန်အလှန်ဆွေးနွေးခဲ့ ပါသည်။
ထို့နောက် ဆရာဦးအောင်မျိုးမှ ရွှေရင်ကျော်ပညာအကြောင်း ရွှေရင်ကျော်ပညာဖြင့် မိစ္ဆာအောက်လမ်း လက်ချက်ကြောင့် ပယောဂဝေဒနာရှင်လူသားများကို ကယ်တင်မှု့ပြုနိုင်ကြောင်းကို နားလည်သဘောပေါက် အောင် ရှင်းပြခဲ့ပြီး အထက်လမ်းပညာ ရွှေရင်ကျော်ပညာကို စိတ်ဝင်စားယုံကြည်ပြီး (ကိုယ်လုံကိုယ်ခံ) ပညာကို ဆရာဦးအောင်မျိုးထံမှ လက်ခံရရှိခဲ့ပါသည်။