Tuesday, August 21, 2012

ချင့်ယုံတော်မူ



Ø  ဟိုလူ့စကား ကိုယ်တို့နားမှာ တစ်အားပဲချို ယုံကြည်လိုလည်း စွဲမြဲအကုန် မယုံနှင့်ဦး သတိထူးလော့။
Ø  ဒီလူပြောပေါက် မိန်းမောလောက်လည်း တောက်လျှောက်အကုန် မယုံနှင့်ဦး သတိထူးလော့။
Ø  ဗုဒ္ဓလမ်းစဉ် မှတ်ကျောက်တင်၍ ဆင်ခြင်အတိ ဝိဘဇ္ဇဉာဏ် ဝေဖန်ဆန်းစစ် အနှစ်ကိုရှာ အကာကို ပစ် အကျိုးဖြစ်ထွန်း တစ်ခွန်းစကား ယူပါလော့..။
                                                        ဘုရားဟော ကာလာမသုတ္တံမှ ကောက်နုတ်ချက်


သူတော်ကောင်းဆိုတာ


v  ပညာတော်သူကို လူတော်လို့ခေါ်ပြီး
v  သီလရှိသူကို လူကောင်းလို့ခေါ်ရတယ်၊
v  ပညာလည်းတော်ပြီး သီလလည်းရှိမှ လူတော်လူကောင်း သူတော်ကောင်း ဖြစ်လာတယ်။

အတတ်ပညာရနိုင်သော တပည့် ( တပည့်)နှင့် အတတ်ပညာ မရနိင်သော တပဲ့ ( တပဲ့)


ဓါးကောင်းတစ်လက် ပေထက်ထုခံ မီးလျှံထည့်သွင်း ရေသို့ဆင်းမှ ထက်မြတ်ရ မိဘဥပမာ ဆိုသလို မီးနာမှ သံကောင်းသည် သံကောင်းမှ ဓါးထက်မည်။
                                                 မိဘဥပမာ  -ဆရာ့ထံမေးမြန်းသူ
                              
ပန်းပဲတူချက် ထုနှက်မခံ မီးလျှုံကိုကြောက် ရေအောက်ဆင်းပုန်း ထိုသံတုံး လုံးလုံးသုံးမရ။
                                        ရေအောက်ဆင်းပုန်း - ဆရာ့ထံ မရောက်သူ
                                                                                ကထိက ရဟန်း

ဝိဇ္ဇာ


ထွက်ရပ်ပေါက်ပြီး ဝိဇ္ဇာကြီးကား ရှေ့ဖြစ်နောက်ဟောင်း အကြောင်းစိစစ် တစ်နှစ်အံကျ သိမြင်လှ၍ အဠာရသ မြတ်သိပ္ပနှင့် ဘဝပါရမီ ဖြူနီဝါနက် အဆက်ဆက်ပို ကွက်ကွက်ကွင်းကွင်း စိုးပိုင်ခြင်းနှင့် မြင်ခြင်းတစ်သွယ် စိတ်ဝယ်ကြံက လိုတိုင်းရ၍ တံတိုင်းလည်းဖြစ် လူစင်စစ်က နတ်နှင့်မခြား ကျင့်တရားကို မမှားမယွင်း ဒေါသကင်းလျက် အလင်းကိုရောက် ပေါက်ကြီးပေါက်မှ ပါမောက္ခစစ် ဝိဇ္ဇာဖြစ်သည် မှတ်ရစ်နောင်လာ ရှင်လူတည်း။
                                            ကျော်အောင်စံထား ဆရာတော်

အရိယာဝိဇ္ဇာလမ်း


သမထနှင့် ဝိပဿနာ
သံသရာဘေူး ထွက်လမ်းပေးသည်
အလေးအမြတ် သင်ယုံမှတ်၍
ကျင့်မြတ်ယောဂီ လောကီမဟုတ်
လောကုတ်အစစ် ဝိဇ္ဇာဖြစ်မှ
ဟောလှစ်ဗုဒ္ဓါ ဒေသနာနှင့်
မကွာမသွေ ရှိရချေမည်
မှတ်လေငါတို့ သွားလမ်းတည်း
                                         ရွှေရင်ကျော် ဆရာတစ်ဦး

ဤလောက၌ မတူညီနိုင်ကြသော အရာများ


၁။ လူချင်းတူသော်လည်း ဥာဏ်ချင်းမတူ
၂။ ဥာဏ်ချင်းတူသော်လည်း ပါရမီချင်းမတူ
၃။ ပါရမီချင်းတူသော်လည်း ဝီရိယချင်းမတူ
၎။ ဝီရိယချင်းတူသော်လည်း သတိချင်းမတူ
၅။ သတိချင်းတူသော်လည်း သမာဓိချင်းမတူ
၆။ သမာဓိချင်းတူသော်လည်း ပဠာန်းဆက်ချင်းမတူ
၇။ ပဠာန်းဆက်ချင်းတူတော်လည်း ဆုတောင်ချင်းမတူ
၈။ ဆုတောင်းချင်းတူသော်လည်း သဒ္ဒါတရားချင်းမတူ

ဘုန်းကံမြင့်မား ဆင့်ပွားဖြစ်စဉ် သိစေချင်


၁။ မဆုတ်မနစ်သော သဒ္ဒါတရားဖြင့် ပေးလှူရာ၏။
၂။ သီလရှိလျှင် သမာဓိခိုင်၏။
၃။ သမာဓိခိုင်မှ စိတ်ကို ပိုင်၏။
၎။ စိတ်ကိုပိုင်မှ နတ်ကိုနိုင်မည်။
၅။ နတ်ကိုနိုင်လျှင် ဓါတ်ကိုပိုင်သည်။
၆။ ဓါတ်ကိုပိုင်မှ မနောပေါက်သည်။
၇။မနောပေါက်မှ ပညာရသည်။
၈။ ပညာရမှ ဝိဇ္ဇာဖြစ်သည်။

ဝိဇ္ဇာအစစ်


ကောက်ကျစ်စဉ်းလဲသော လောကီဝိဇ္ဇာကြီးများသည် သူတို့၏ ရုပ်ပြောင်းရုပ်လွဲ တန်ခိုး အမျိုးမျိုးပြ၍ နဂါးကို ဂဠုန်သုတ်သကဲ့သို့ အုံပြုပ်အောင် စုတ်ယူနေကြသည်။ အရိယာဝိဇ္ဇာမဖြစ်ကြသေးသည့်အတွက် စိတ္တဝိပ္ပလ္လသ ဖုံးအုပ်နေသောကြောင့် ခံနေကြရပေသည်။ သို့အတွက် အရိယာဝိဇ္ဇာ အစစ် သောသပန် စည်ဖြစ်အောင် အားထုတ်ကြကုန် သူတ်ာကောင်း အပေါင်းတို့….။
                                                        သိမ်တောင်ဆည်ကြီး တောရဆရာတော်ကြီး

Thursday, August 2, 2012

ရွှေရင်ကျော် ဆေးတော် အစစ် ပုံတော်





နိုင်ငံခြားသားများက ရွှေရင်ကျော်ပညာကို လက်ခံရယူပုံများ


Miss Rebeca, Miss Claudia and Mr Javi  who came from Spain visited to Sayar Aung Myo Aung, when they arrived in Maesot. They suggest with him about Buddhism, five precepts, mediation to attain tranquility and religions.
Sayar Aung Myo said and explained them about the holy arts subjest of Shwe Yin Kyaw that can cure the people who are attacked by bad evils and ghosts. They followed in Shwe Yin Kyaw. Then Sayar Aung Myo gave them the holy arts subjests of Shwe Yin Kyaw especially art of self-defense (occult science)