Wednesday, April 23, 2014

ရွှေရင်ကျော်ဣစ္ဆသယ- မဟိဒ္ဓိစေဂိုဏ်းတော်ကြီးဖြစ်ပေါ်လာပုံ၊ ဘိုးတော်ဘုရားများ၏ ထွက်ရပ်ပေါက် (အကျဉ်း) နှင့် ထူးခြားချက်များ သမိုင်း



ရွှေရင်ကျော်စ္ဆသယ- မဟိဒ္ဓိစေဂိုဏ်းတော်ကြီးစလာပုံပြောပါဆိုလျှင် ကျွန်တော်တို့ ဆရာကြီး ဦးမြခင် (ခေါ်) အဖေကြီး ဦးမြခင်အကြောင်း အရင်ပြောမှဖြစ်မှာ၊ ရွှေရင်ကျော်နှင့် အဖေကြီး ဦးမြခင်ဆိုတာ ခွဲခြားမရအောင်ဖြစ်ရပါသည်။ ဒါကြောင့် ၄င်းတို့အဖေကြီးဦးမြခင်၏ မိန့်ကြားသွားသော နှုတ်တော်ထွက်ခဲ့သော မူရင်းအသံနှင့် ဆုံးမခဲ့သော မိန့်မှာခဲ့သော တိတ်ခွေမှ မှတ်တမ်းအရ၊ ပြောကြားချက်အရ ပြောရမည်ဆိုလျှင် ဂိုဏ်းတော်နှင့် ဘိုးတော်များ စလာပုံမှာ “မင်းသားကြီး ဦးအောင်က စလာတယ်” ဟုပြောပါရန် အဖေကြီး အမိန့်ရှိပါသည်။
            အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏သား ဘိုးတော်ဦးဝိုင်းနှင့် မင်းသားကြီး ဦးအောင်၊ နောက် ကိုရင်ကြီးတစ်ပါးရယ်၊ သူတို့ သူငယ်ချင်းသုံးယောက် ပါရှိတယ်၊ ၄င်းသုံးဦးကို ငယ်စဉ် အခါက ဆရာတော်ထံအပ်နှံပြီး ပညာသင်ကြားစဉ်က ဆရာတော်က ဘုရင်ဖြစ်မည့် မောင်ဝိုင်း ကို မင်းသားတို့တတ်အပ်သော အဌာရဿဆယ့်ရှစ်ရပ် ပညာများကို သင်ကြားပေး၍ ကိုရင်ကြီး ကိုမူ တရားဓမ္မများ သင်ကြားပို့ချပေးခဲ့သည်။
            မင်းသားကြီးဦးအောင်ကိုကျတော့ ငယ်စဉ်ကအထုံရေစက်ပါသောကြောင့် ထွက်ရပ် ပေါက် ပညာရပ်များကို ငယ်စဉ်ကပင် သင်ကြားပေးခဲ့ပါသည်။
            ဤကဲ့သို့ အရွယ်ရောက်ကြ၍ မိမိတို့ဘဝနှင့် မိမိတို့ ကျင့်ကြံနေထိုင်ခဲ့ကြသည်။ နောက်ဆုံးနန်းတွင်းအရေးတော်ပုံဖြစ်လာသောအခါမှာ- မင်းသားကြီးဦးအောင်က မောင်ဝိုင်း အားရှောင်တိမ်းနေစေခဲ့ပြီးနောက် မောင်ဝိုင်းကံဇာတာအထတွင် ထီးနန်းကို သိမ်းပိုက်စေခဲ့ သည်။ ထီးနန်းရလျှင် မဟာမျိုးမဟာနွယ်များကို သက်ဖြတ်ခြင်းမပြုရန် ကတိစကား ဦးဝိုင်းက ဆိုခဲ့ရသည်။
            ဤသို့ဖြင့် ဘိုးတော်ဦးဝိုင်းထီးနန်းရလာသည်။ ဘိုးတော်ဦးဝိုင်းသည် မိမိကတိသစ္စာ ဖောက်ဖျက်၍ ထီးနန်းရရှိသော မဟာမျိုးမဟာနွယ်များကို ကွပ်မျက်လိုက်သောအခါ မင်းသားကြီးဦးအောင်သည် ခွေးတစ်ထောင်ကို မြို့ဝန်၏ အိမ်ရှေ့တွင် ထမင်းကျွေးခဲ့သည်။
            ထိုအခါမြို့ဝန်က ဘာကြောင့်ခွေးတွေကို