Thursday, June 7, 2012

အိမ်ဦးခန်း ထိုင်မည့် ဥပဇ္ဈာယ်ဆရာဆိုတာ


အိမ်ဦးခန်း ထိုင်မည့် ဥပဇ္ဈာယ်ဆရာဆိုတာ အလွန် အရေးကြီးတယ်.. သစ္စာသုံးချက်နှင့် ညီညွတ်ရမယ် မှန်ကန်ရမယ်..ကျောသားရင်သားလည်း မခြား ကိုယ်မွေးထားတဲ့ သားသမီးလို ထိန်းသိမ်းစောင့်ရှောက်သွားရမယ်. အိမ်မှာ ရေအိုးတစ်လုံး တည်ထားရင် အဲဒီရေအိုးဟာ

အဆိုးထဲမှာ အကောင်းရှာ


အကောက်ထဲမှာ
အဖြောင့်ရှာ မတွေ့သော်လည်း
ကောက်မလို ကွေးယောင်ယောင်ကို
အဖြောင့်ဟု မှတ်စွဲ။
အမဲထဲမှာ
အဖြူရှာ မတွေ့သော်လည်း
မဲမလို….ပြာညိုနုကို
အဖြူဟု မှတ်စွဲ။
အသီးအပုပ်ထဲမှာ..

မာန်ကို နှိမ့်ချ


ပယောဂ မကောင်း မိစ္ဆာများကား ယင်းတို့၏မာန်ကို ချိုးနှိမ်မရချေ၊ ယင်းတို့သည် လူတို့၏ အစွမ်းသတ္တိများကြောင့် မာန်ဝင်နေတတ်၏။
ရွှေရင်ကျော် ပညာဖြင့် မကောင်းမစ္ဆာကို နှိပ်ကွပ်နိုင်သော အစွမ်းသတ္တိရှိသူ ဆရာများ အဖို့ကား အောင်မြင်လာသောအခါ အောင်မြင်မှု့၏ ဒဏ်ကို မခံနိုင်လျှင် မာန်တက်၍ လာတတ်ကြောင်း သတိချပ်ရပေမည်။ ထို့ ကြောင့် မာန်မာနတည်းဟူသော ပယောဂကိုလည်း နှိပ်ကွပ်နိုင်ကြရပါမည်။

ကျောပေါ်ကို မတက်နှင့်


ရင်ခွင်အောက်မှာ နေမလား
ကျောပေါ်ကို တတ်မလား
ရင်ခွင်အောက်မှာ နေလျှင်
သိမ်းစွန်ရဲ့တို့ အန္တရာယ်မှ လုံခြုံ၍
ချမ်းမြေ့ရပေမည်။
ကျောပေါ်ကို တက်လျှင်
သိမ်းစွန်ရဲ့တို့ အသုတ်ခံရ၍ ဒုက္ခတွေ့ချေမည်။
ထို့ကြောင့်…..
ဆရာကို မကျော်လွှားပါနှင့်….။

တန်ပြန်ဟူသည်


မိမိတို့ပညာ၌ မြင်သာသော တန်ပြန်မှာ အောက်လမ်းမိစ္ဆာတို့၏ တိုက်ခိုက်မှု့အားလုံး သူ့အတတ်နှင့်သူ ပြန်၍ ထိခြင်းပင် ဖြစ်၏။ မမြင်အပ်သော တန်ပြန်မူကား............
ထားရှိအပ်သော မေတ္တာ စေတနာ တရားပင်ဖြစ်ပေသည်။
မေတ္တာသည် အလွန်လျှင်မြန် စူးရှထက်မြက်၍ အားကောင်းလှပေသည်..ထိုအားကောင်းသော မေတ္တာကို မခံယူနိုင်၍ စေတနာမမှန်လျှင်လည်း တန်ပြန်ဖြစ်တတ်ပါ၏။
ထို့ကြောင့် စေတနာ မှန်ပါစေသတည်း....။

ဝိဇ္စာ တပည့် ပီစေ ဘို့


အဝိဇ္စာကို ပယ်ခွာ၍ ဝိဇာနယ်တွင် သိဒ္ဓိ မဟိဒ္ဓိ အစံုစံုကို ပိုင္စိုးသသူ အထက်ဆရာတော်ကြီးများ အပေါင်းတို့သည် ကာယဝစီ မနောကြည်ကြသူ တပည့်တို့၏ ခန္စာကလပ်အစု အစည်းစည်းတိုင်းကို သိဒ်ဓိဓါတ်များအဖြစ် လွှဲပြောင်းရစ်ခဲ့ငြားလည်း လောကဓံ၏ဒါဏ်ကို ကြံ့ကြံ့မခံစွမ်းနိုင်သူတို့သည် ယင်း သိဒ်ဓိဓါတ်တို့ကို အလေးမမူတော့သည့်အခါ ဝိဇ္စာတို့၏ တပည့်ဘဝမှ ကင်းကွာ နေရရှာပေလိမ့်မည်တည်း။
                                  ဆရာကြီးဦးစံသိန်း ( ဓနုဖြူမြို့)

ရွှေရင်ကျော်ဆိုသည်မှာ



ဝိသမနှင့်……
လောဘကိုလည်းကောင်း၊
သက္ကာယနှင့်…..
မာနကိုလည်းကောင်း။
ဇွဲအတ္တနှင့်….
ဒေါသကိုလည်းကောင်း။
ပဋိပက္ခနှင့်……..
အာဃာတကိုလည်းကောင်း။
ဝိရောဓိနှင့်…….

သတိပေး နှိုးဆော်စာ


ကံ-ဥာဏ်-ဝီရိယ၊ သုံးဌာနနှင့်
သီလမြဲစွာ၊ သစ္စာပကတိ
အမှန်ရှိ၍၊ တိတိကျကျ
စီရင်မှသာ၊ မုချမှန်စွာ
ဖြစ်ကုန်ရာ၏။
ရှေးကံမပါ
ဥာဏ်မှာမလင်း၊ ဝီရိယကင်းလျက်

Tuesday, June 5, 2012

ရွှေရင်ကျော်တေးသီချင်းများ အပိုင်း ၆

ကွန်နက်ရှင် အခက်အခဲကြောင် ဒေါင်းပြီးမှ ကြည့်ကြပါခင်ဗျား

Tuesday, April 24, 2012

ရွှေရင်ကျော်ဂိုဏ်းတော်၏ ဆရာ့ဆရာကြီးများ၏ အစဉ်အဆက်


ရွှေရင်ကျော်အကြောင်းသိကောင်းစရာ အဖြာဖြာ
  ဆရာဦးအောင်မျိုး(မဲဆောက်မြို့၊ထိုင်းနိုင်ငံ)(ဆရာကြီးဦးတင်ထွန်း(မော်လမြိုင်)၏ သားတပည့်) မှစုစည်းတင်ပြသည်။
ဂိုဏ်းတော်၏ ဆရာ့ဆရာကြီးများ၏ အစဉ်အဆက်
၁။ မင်းသားကြီး ဦးအောင် (ပထမံ အောင်)
၂။ အဖဆရာအေးခေါ် ဘိုးတော် စင်္ကြာမင်း
၃။ အဖဆရာပြူး
၎။ အဖဆရာပွင့် (
ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး) ဂိုဏ်းချုပ်
၅။ အဖဆရာဟန် (ရွှေရင်ကျော်
ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ ဂိုဏ်းချုပ်)
၆။ အဖေကြီး ဦးမြခင် ( ရွှေရင်ကျော် ကျေးဇူးရှင်)
၇။ ဆရာကြီး ဦးမြရင် (ရန်ကုန်)
၈။ ဆရာကြီး ဦးမင်းလွင် (အင်းစိန်မြို့၊ ရန်ကုန်)
၉။ ဆရာကြီး ဦးတင်အေး (မေမြို့)
၁၀။ ဆရာကြီး ဦးတင်ထွန်း (မော်လမြိုင်)
၁၁။ဆရာ ဦးအောင်မျိုး (မုဒုံ)
ဆေးတော်အကြောင်းသိကောင်းစရာ
ဆေးတော်တွင် ပါဝင်သော ပစ္စည်းအမယ်များမှာ -
၁။ အဖဆရာအေးခေါ် ဘိုးတော်စင်္ကြာမင်း ကိုင်ဆောင်သော သံလျက်အရိုးသွား (အာဏာရှိစေရန်)
၂။ ကနက်ကတန်ထီးဖြူ၏ ပိတ်စ ( ဘုန်းကြီးစေရန်)
၃။ တောင်ညာစံ အဂ္ဂမဟေသီမိဖုရားခေါင်ကြီး၏ ပန်တော်ကျ ပန်းခုနှစ်ပွင့် ( လူချစ်လူခင်ပေါများစေရန်)
၎။ မြေမခသော နတ်ဂမုန်း ( ပုပ္ပါးတောင်ထိပ်တွင်သာ ပွင့်သည်) တို့ကို ရောစပ်၍ ဆေးတောင့်ပြုလုပ်ထားသည်။


ဆေးတော်၏ ဂုဏ်သတ္တိသည် ကျစ်လစ်မာကြော၍