ထွက်ရပ်ပေါက်ပြီး
ဝိဇ္ဇာကြီးကား ရှေ့ဖြစ်နောက်ဟောင်း အကြောင်းစိစစ် တစ်နှစ်အံကျ သိမြင်လှ၍ အဠာရသ မြတ်သိပ္ပနှင့်
ဘဝပါရမီ ဖြူနီဝါနက် အဆက်ဆက်ပို ကွက်ကွက်ကွင်းကွင်း စိုးပိုင်ခြင်းနှင့် မြင်ခြင်းတစ်သွယ်
စိတ်ဝယ်ကြံက လိုတိုင်းရ၍ တံတိုင်းလည်းဖြစ် လူစင်စစ်က နတ်နှင့်မခြား ကျင့်တရားကို မမှားမယွင်း
ဒေါသကင်းလျက် အလင်းကိုရောက် ပေါက်ကြီးပေါက်မှ ပါမောက္ခစစ် ဝိဇ္ဇာဖြစ်သည် မှတ်ရစ်နောင်လာ
ရှင်လူတည်း။
ကျော်အောင်စံထား
ဆရာတော်













































