Thursday, June 7, 2012

မဖောက်ပြန်ကြနဲ့..

တို့ အဖွဲသားတွေလည်း ကြာမြင့်လာလို့ ရှိရင် ဖောက်ဖောက်ပြန်ပြန်လုပ်တဲ့သူတွေ ပေါ်လာဦးမှာဘဲ.. ပေါ်လာရင်. တို့အဖေကြီး ဦးဘိုးဟန် ပျောက်ဦးမှာဘဲ.. တို့ ဆန်တင်းရာကျော်အောင် ကျွေးနေရတာ အဖေကြီး ဘိုးတော်ဟန် မပျောက်လို့ ဆေးတော်မူရင်း မပျောက်လို့ လူတိုင်း လူတိုင်း ဘုန်းကြီးတာပေါ့.. လူတိုင်းလူတိုင်း တန်ခိုးကြီးတာပေါ့..အဖေကြီး ဦးမြခင်..

ကာယသိဒ္စိ ဆိုတာ


တို့ ဂိုဏ်းထဲမှာ တို့အဖွဲ့ထဲမှာ ရှိတယ်.. အဲဒီပညာလဲ သင်ထားသေးတယ်. ကာယသိဒ္စိလက်ဖွဲလဲ ဆောင်တယ် နှုတ်ငုံလက်ဖွဲ့လည်း ဆောင်တယ်. ဒါဂိုဏ်းအကြောင်းကို မသိသေးလို့.. ငါ ထပ်ကာ ထပ်ကာ ပြောခဲ့တာ..
ပယောဂ ကုဖို့လောက်ကတော့ ရွှေရင်ကျော်နဲ့ ရပြီ. ဒါပေမယ့် တို့မှာ ကာယသိဒ္စိလိုသေးတယ် ဆိုတယ်.. မင်းတို့ စိတ်ဓါတ်က မှန်ပါစေ.. ကာယသိဒ္စိဆိုတာ ပြီးပါတယ်.. ဒါပေမယ့် အဖေကပြောခဲ့တယ် ကာယသိဒ္စိ ပြီးတယ် ဆိုပြီးတော့.. ကိုယ့်ကိုယ်ကိုတော့ ဓါးနဲ့ မခုတ်နဲ့ပေါ့ကွာ..ကာယသိဒ္စိဆိုတာ.. လူအများစု သိထားတာက လက်ဖွဲတစ်လုံး ပါးစပ်ထဲငုံ သို့မဟုတ် ဆေးထိုး. လက်မောင်းဓါးနဲ့ ခုတ်တာကို ကာယသိဒ္စိမှတ်တယ်.. အဲဒါ ကာယသိဒ္စိမဟုတ်ဘူး… လက်နက်ကိုင်လာတဲ့ သူ ကိုယ့်ကို ချစ်လာတာ ကာယ သိဒ္စိဘဲ…
အဖေကြီး ဦးမြခင် မိန့်ခွန်း တိပ်ခွေမှ..။

သတိတရားရဖွယ်..


ဘုန်းနောက်ကို ကိုယ်ကလိုက်လဲပဲ တစ်နေ့ ကိုယ်စွန့်ရမှာပဲ ပညာလဲ ထိုနည်းလည်းကောင်းဘဲ ဥစ္စာလည်း ထိုနည်းလည်းကောင်းလည်း ရုပ်ရည်ရူပကာယလဲ ထိုနည်းလည်းကောင်းဘဲ…မာနတက်လည်း ခဏဘဲ .. သေခြင်းတရားက နေ့တိုင်း.. နောက်ကျောက ကပ်ပါနေတဲ့. ဆင်ခြင်မှု့လေးတွေနဲ့.. တရားလေးတွေနဲ့.. ကိုယ့်နောက်ပါတဲ့ အလုပ်လေးတွေ.. ဂိုဏ်းအလုပ်တင်မဟုတ်ဘူး… ကိုယ့်နောက်ပါတဲ့

ထိန်းနိုင်မှ


ထိန်းနိုင်တဲ့သူတွေ တက်သွားတဲ့အခါမှာ မထိန်းနို်င်တဲ့သူဟာ. အဖြစ်ဆိုးနဲ့ ကြုံမှာစိုးလို့.. ဒါ. သတိပေးရတာ.. စေတနာ မပါတာ တစ်ခုမှ မရှိဘူး.. သားသမီးတွေကို ကိုယ်လို ဖြစ်စေချင်တယ်.. ကိုယ်လို ဘုန်းကြီးစေချင်တယ်.. ကိုယ်လို တန်ခိုးကြီးစေချင်တယ်..ကိုယ်လို စိတ်ချမ်းသာ ကိုယ်ချမ်းသားနေရ ထိုင်ရ စားရ သောက်ရ ဖြစ်စေချင်တယ်..။
အဖေကြီး ဦးမြခင်

အိမ်ဦးခန်း ထိုင်မည့် ဥပဇ္ဈာယ်ဆရာဆိုတာ


အိမ်ဦးခန်း ထိုင်မည့် ဥပဇ္ဈာယ်ဆရာဆိုတာ အလွန် အရေးကြီးတယ်.. သစ္စာသုံးချက်နှင့် ညီညွတ်ရမယ် မှန်ကန်ရမယ်..ကျောသားရင်သားလည်း မခြား ကိုယ်မွေးထားတဲ့ သားသမီးလို ထိန်းသိမ်းစောင့်ရှောက်သွားရမယ်. အိမ်မှာ ရေအိုးတစ်လုံး တည်ထားရင် အဲဒီရေအိုးဟာ

အဆိုးထဲမှာ အကောင်းရှာ


အကောက်ထဲမှာ
အဖြောင့်ရှာ မတွေ့သော်လည်း
ကောက်မလို ကွေးယောင်ယောင်ကို
အဖြောင့်ဟု မှတ်စွဲ။
အမဲထဲမှာ
အဖြူရှာ မတွေ့သော်လည်း
မဲမလို….ပြာညိုနုကို
အဖြူဟု မှတ်စွဲ။
အသီးအပုပ်ထဲမှာ..

မာန်ကို နှိမ့်ချ


ပယောဂ မကောင်း မိစ္ဆာများကား ယင်းတို့၏မာန်ကို ချိုးနှိမ်မရချေ၊ ယင်းတို့သည် လူတို့၏ အစွမ်းသတ္တိများကြောင့် မာန်ဝင်နေတတ်၏။
ရွှေရင်ကျော် ပညာဖြင့် မကောင်းမစ္ဆာကို နှိပ်ကွပ်နိုင်သော အစွမ်းသတ္တိရှိသူ ဆရာများ အဖို့ကား အောင်မြင်လာသောအခါ အောင်မြင်မှု့၏ ဒဏ်ကို မခံနိုင်လျှင် မာန်တက်၍ လာတတ်ကြောင်း သတိချပ်ရပေမည်။ ထို့ ကြောင့် မာန်မာနတည်းဟူသော ပယောဂကိုလည်း နှိပ်ကွပ်နိုင်ကြရပါမည်။

ကျောပေါ်ကို မတက်နှင့်


ရင်ခွင်အောက်မှာ နေမလား
ကျောပေါ်ကို တတ်မလား
ရင်ခွင်အောက်မှာ နေလျှင်
သိမ်းစွန်ရဲ့တို့ အန္တရာယ်မှ လုံခြုံ၍
ချမ်းမြေ့ရပေမည်။
ကျောပေါ်ကို တက်လျှင်
သိမ်းစွန်ရဲ့တို့ အသုတ်ခံရ၍ ဒုက္ခတွေ့ချေမည်။
ထို့ကြောင့်…..
ဆရာကို မကျော်လွှားပါနှင့်….။