Tuesday, August 21, 2012

ဘုန်းကံမြင့်မား ဆင့်ပွားဖြစ်စဉ် သိစေချင်


၁။ မဆုတ်မနစ်သော သဒ္ဒါတရားဖြင့် ပေးလှူရာ၏။
၂။ သီလရှိလျှင် သမာဓိခိုင်၏။
၃။ သမာဓိခိုင်မှ စိတ်ကို ပိုင်၏။
၎။ စိတ်ကိုပိုင်မှ နတ်ကိုနိုင်မည်။
၅။ နတ်ကိုနိုင်လျှင် ဓါတ်ကိုပိုင်သည်။
၆။ ဓါတ်ကိုပိုင်မှ မနောပေါက်သည်။
၇။မနောပေါက်မှ ပညာရသည်။
၈။ ပညာရမှ ဝိဇ္ဇာဖြစ်သည်။

ဝိဇ္ဇာအစစ်


ကောက်ကျစ်စဉ်းလဲသော လောကီဝိဇ္ဇာကြီးများသည် သူတို့၏ ရုပ်ပြောင်းရုပ်လွဲ တန်ခိုး အမျိုးမျိုးပြ၍ နဂါးကို ဂဠုန်သုတ်သကဲ့သို့ အုံပြုပ်အောင် စုတ်ယူနေကြသည်။ အရိယာဝိဇ္ဇာမဖြစ်ကြသေးသည့်အတွက် စိတ္တဝိပ္ပလ္လသ ဖုံးအုပ်နေသောကြောင့် ခံနေကြရပေသည်။ သို့အတွက် အရိယာဝိဇ္ဇာ အစစ် သောသပန် စည်ဖြစ်အောင် အားထုတ်ကြကုန် သူတ်ာကောင်း အပေါင်းတို့….။
                                                        သိမ်တောင်ဆည်ကြီး တောရဆရာတော်ကြီး

Thursday, August 2, 2012

ရွှေရင်ကျော် ဆေးတော် အစစ် ပုံတော်





နိုင်ငံခြားသားများက ရွှေရင်ကျော်ပညာကို လက်ခံရယူပုံများ


Miss Rebeca, Miss Claudia and Mr Javi  who came from Spain visited to Sayar Aung Myo Aung, when they arrived in Maesot. They suggest with him about Buddhism, five precepts, mediation to attain tranquility and religions.
Sayar Aung Myo said and explained them about the holy arts subjest of Shwe Yin Kyaw that can cure the people who are attacked by bad evils and ghosts. They followed in Shwe Yin Kyaw. Then Sayar Aung Myo gave them the holy arts subjests of Shwe Yin Kyaw especially art of self-defense (occult science)























Monday, July 30, 2012

ပယောဂ စမ်းသပ်နည်း- စမ်းသပ်ကွက် အဆင့်ဆင့်


v  လူနာ၏ နေ့နံနှင့် နာမည်ကို မေး၍ အသက်နှင့် ခန္စာကိုယ် အအပ်ခံရမည်။
v  ထိုးနှံထားသော ဆေးဝါး.ဆောင်ထားသော အင်းများ၊ ဆောင်ထားသော လက်ဖွဲ့များကို ပယ်ရမည်။
v  အိမ်နှင့် ခြံမြေ၊ ကိုးကွယ်သည့်ပွဲများ အအပ်ခံရမည်။
 ပယောဂ စမ်းသပ်ခြင်း
Ø  အနံ့ပေး၍ စမ်းသပ်ခြင်း
Ø  ခြေထောက်မ၍ စမ်းသပ်ခြင်း
Ø  စက်သိမ်း စမ်းခြင်း
Ø  စက်လှည့် စမ်းခြင်း
Ø  စက်ဆွဲ စမ်းခြင်း
Ø  စက်ထောက်၍ စမ်းသပ်ခြင်းတို့ ဖြစ်သည်။
အနံ့ပေး စမ်းသပ်ခြင်း
အနံ့များ နံရာ၌ ပယောဂအစွဲ အမျိုးမျိုးကိုလိုက်၍ အောက်ပါအတိုင်း သက်သေခံပါ လိမ့်မည်။
Ø  ပုပ်စော်နံ - သရဲစွဲ
Ø  ညှီစော်နံ - ရွာသူစုန်း
Ø  စိမ်းရွှေရွှေနံ  - အစိမ်း

Monday, July 23, 2012

ဂိုဏ်းတော်ရာဇဝင် အကျဉ်းချုပ်




ရွှေရင်ကျော်ပညာကို နိုင်ငံခြားသားများက လက်ခံရယူပုံ (၂)


Miss Silvia and Miss Ivette who came from Spain visited to Sayar Aung Myo Aung, when they arrived in Maesot. They suggest with him about Buddhism, five precepts, mediation to attain tranquility and religions.
Sayar Aung Myo said and explained them about the holy arts subjest of Shwe Yin Kyaw that can cure the people who are attacked by bad evils and ghosts. They followed in Shwe Yin Kyaw. Then Sayar Aung Myo gave them the holy arts subjests of Shwe Yin Kyaw especially art of self-defense (occult science)













Sunday, July 8, 2012

ဂိုဏ်းချုပ်ဆေးတော်ကြီးကို ယခုလက်ရှိတွင် မည်သူ့ထံ၌ ထိန်းသိမ်းထားပါနည်း။



ဂိုဏ်းချုပ် ဆေးတော်ကြီးကို ဂိုဏ်းချုပ်ဘိုးတော်ဟန် ထွက်ပြီးနောက် သားဖြစ်သူ ပါရမီရှင် ဆရာကြီးဦးစံသိန်းမှ ဂိုဏ်းတော် တာဝန်နှင့်အတူ ဆေးတော်ကြီးကိုပါ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါသည်။ ယခုအချိန်တွင် ဆရာကြီး ကွယ်လွန်ပြီးနောက် ဆရာကြီးဦးစံသိန်း၏ သားသမီးများမှ ဂိုဏ်းချုပ်ဆေးတော်ကြီးနှင့် ပညာသင်ဆေးတော်များကို ထိန်းသိမ်းစောင့်ရှောက် ထားပါသည်။

ဆေးတော်အကြောင်း သိကောင်းစရာ


 ၁။ အဖဆရာအေးခေါ် စင်္ကြာမင်းသားကိုင်ဆောင်သော သံလျက် အရိုးသွားသည် စေပိုင် အာဏာပိုင်စေရန်
      သံလျက်သည် မြန်မာဘုရင်မင်းမြတ် ခေတ်အဆက်ဆက် ရေမြေ့သခင်ရှင်ဘုရင်များ ကိုင်ဆောင်သော သံလျက်ဖြစ်ပါသည်။ သြဇာအာဏာ အထူးရှိပါသည်။ ရှင်ဘုရင်မှ သံလျက်ဖြင့် မြေကြီးပေါ်၌ (စည်းသုံးချက်) တားပြီး အမိန့်ပြန်ထားပါက မည်သူမဆို ကျူးကျော်ခဲ့ပါက ခြေကျူး ခြေပြတ် လက်ကျူး လက်ပြတ် မီးလိုပူ ပြာအတိကျ စင်္ကြာဝဠာ အပြင်သို့ လွင့်စင်စေရမည်ဟု အမိန့်ပြန်ထားခဲ့လျှင် မိစ္ဆာဘီလူးကြီးများပင် ကြောက်ရွံစွာဖြင့် မကျော်လွှားဝံ့ပါ။ အာဏာစက် အလွန်ပြင်းထန်ပါသည်။ ရွှေရင်ကျော်ဆရာများသည်လည်း စေပိုင် အာဏာပိုင်ဆိုင်ကြပြီး မကောင်းသောမိစ္ဆာဝင်များကို အမိန့်အာဏာဖြင့် ဆုံးမနိုင်ပါသည်။ အာဏာကို သုံးရခြင်းမှာ မာန်နတ်အသင်းဝင် မိစ္ဆာများသည် ဘုရားရှင်လက်ထက် ကတည်းက မြတ်စွာဘုရားနှင့် ရဟန္တာအရှင်သူမြတ်များကို ဒုက္ခအမျိုးမျိုးပေးပြီး နှိပ်စက်ခဲ့ပါသည်။ အရှင်မဟာ မောဂ္ဂလန်မထေရ်မြတ်ကြီးကို မာန်နတ်သည် အရှင်မြတ်၏ ပါးစပ်ပေါက်မှ တစ်ဆင့် ဝမ်းတွင်းသို့ ဝင်ရောက်ကာ အူများကြားထဲ၌ လမ်းလျောက်ပြီး နှိပ်စက်ခဲ့ပါသည်။ အရှင်သူမြတ်မှ ဓမ္မတရားဖြင့် ဆုံးမခဲ့ဖူးပါသည်။ အချို့သော ကြမ်းတမ်းသော မိစ္ဆာဝင်များသည် ဓမ္မတရား မေတ္တာတရားကို နားမလည် လက်မခံဘဲ မကြောက်ရွံပါ။ ရွှေရင်ကျော် ဆရာများသည်လည်း မိစ္ဆာများကို အောင်နိုင်ခြင်းမှာ မေတ္တာဖြင့်သာ အောင်နိုင်ပါသည်။ သို့သော် မေတ္တာဖြင့် ဆုံးမ၍မရသော ကြမ်းတမ်းသော မိစ္ဆာများကို အာဏာစက်ဖြင့် ဆုံးမရခြင်းဖြစ်ပါသည်။
၂။ ကနက္ကဒန် ထီးဖြူ၏ပိတ်စ  ( ဘုန်းကြီးစေရန်)
     ဘုရင်သူမြတ်များသည် ရှင်ဘုရင်အဖြစ် တင်မြောက်ခြင်းခံရပါက မင်းကျင့်တရားဆယ်ပါးနှင့် ညီညွတ်လျှင် ထီးဖြူသည် အလိုလို ပွင့်ပါသည်။ မင်းကျင့်တရားဆယ်ပါးနှင့် မညီညွတ်ပါက ထီးဖြူမပွင့်ပါ။ ထီးဖြူ၌ စောင့်သော နတ်ကောင်းနတ်မြတ်များ