Wednesday, July 4, 2012

ကျေးဇူးရှင်အဖေကြီး ဦးမြခင်၏ သြဝါဒများမှ တစ်ဆင့်မှ ကိုးဆင့်ရှင်းလင်းချက်များ


၁။ တစ်ဆင့်၏အဓိပ္ပ်ါယ်မှာ
         ခေါင်းမှာ သံဂုံပမယျထိုးခြင်းအားဖြင့်
    သံ- ကောက္ကသံဂုံဘုရား
   ဂုံ  -  ဂေါဏဂုံဘုရား
     ပ- ကဿပဘုရား
    မ-  ဂေါတမဘုရား
  ယ် - အရိေမၼေဒးယ်ဘုရား
           ညာဖက်လက်ညိုးမှာ ဥုံကာမကာမသေ ထိုးခြင်းအားဖြင့် ကာမဂုံနှင့် ပတ်သက်သမျှ လူကောင်းသူကောင်းပါမကျန် လူရောနတ်ပါ ဗြဟ္မာမကြွင်း ခပင်းဥသုံ အလုံးစုံ အကုန်ရှိ မိစ္ဆာအောက်လမ်းပါ ချစ်စေပါသည်။
          ဘယ်လက်ညိုးမှာ ဥုံထကာထကာသေ ထိုးခြင်းဖြင့် ဓါးလှံလက်နက် အမြောက်စိန်ပြောင်း အစရှိသော လက်နက် အန္တရာယ် ပြုမည့် လက်နက်မှန်သမျှ သစ္စာ တည်ကြည်သည့်ကာလပတ်လုံး ဘယ်တော့မှ ကြံစည်၍ မရနိုင်ပါ။ ( ကာယသိဒ္ဓိမြောက်သည်)
ဆေးတော်အသားထဲရောက်လျှင် ဝိဇ္ဇာစောင့်သည် အဘဆရာတော်ကြီးများ နတ်မင်းကြီးများနှင့် အမေ သူရဿတီမယ်တော်ပါ စောင့်သည်။
မှတ်ချက်။  ။ သေခြင်းဆိုးနှင့် မသေ၊ လူသတ်၍မသေ၊ မိစ္ဆာအောက်လမ်း သတ်၍ မသေခြင်းဖြစ်သည်။
နှစ်ဆင့်၏ အဓိပ္ပါယ်
ခြောက်ပုံ စမ သည် စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုတိသာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝဿဝတီ စသော နတ်ပြည်ခြောက်ထပ်ကို အစိုးရတော်မူသော သိကြားမင်းစောင့်သည်။ ညာလက်မှရင်းတွင် ကယှက်ကယှက်ကစ၍ ဆွဲသဖြင့် ကာယသိဒ္ဓိကို လူအများစုက သိထားတာက လက်ဖွဲတစ်လုံးကို ပါးစပ်ထဲ ငုံ (သို့) ဆေးထိုးပြီးတော့ လက်မောင်းကို ဓါးနှင့် ခုတ်တာ ကာယသိဒ္ဓိမှတ်သည်။ အဲဒါ ကာယသိဒ္ဓိမဟုတ်ပါ။ ကာယသိဒ္ဓိဆိုတာက လက်နက်ကိုင်လာတဲ့သူကို ချစ်စေတာ၊ အဲဒါ ကာယ သိဒ္ဓိဘဲ ( သတ်မလို့လာတဲ့လူဟာ လက်နက်ချရင် ကာယသိဒ္ဓိဘဲ)
              ညာလက်ဖဝါးမှာ ထိုးသော မြွေစမ သည်-
              အန္တော= ၁+၇=ဂဠုံ+နဂါး၊ ဦးညို= ၁+၃ (ဓါတ်သဘောအရ ရန်ဖက်)
ဘယ်လက်ဖဝါးမှာ ထိုးသော မြွေစမများသည် အဖေကြီးဘိုးတော်ပွင့်လက်ဖဝါးတွင် ဖွေးရာပါ စမ များဖြစ်ပါသည်။

၃။ သုံးဆင့်အဓိပ္ပါယ်
    န- သုံးလုံးကို ဏဖြစ်သည့်အတွက် သိဒ္ဓိမြောက်သည်။ စဓဗဝ ဘုရားလေးဆူ ဝိဇ္ဇာလေးပါးစောင့်သည်။ န - သည်သိကြားမင်း၏ နားကင်း၌ပါရှိသည်။ အရဟံသည် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၎။လေးဆင့် အဓိပ္ပါယ်
ကယမထ      = အမေမယ်တော်စောင့်သည်။
စဓဗဝ           = ဘုရားလေးဆူ ဝိဇ္ဇာလေးပါးစောင့်သည်။
လ လ          = အေးမြခြင်း
                = သိကြားမင်း၏ နားကင်း၌ ပါရှိသည်။
    ညာဘက်လက်ဖမိုး သောကြာဂြိုလ်ခံပေါ်မှာ စင်္ကြာထိုးသဖြင့် အဘဆရာအေး ခေါ် ဘိုးတော် စင်္ကြာမင်း ကိုယ်တော်တိုင် စောင့်သည်။ ထို့ကြောင့် ထိုးသည့်အခါ အဖေကြီး ဘိုးတော် စင်္ကြာမင်းကို ပင့်ပါ။
၅။ ငါးဆင့်၏ အဓိပ္ပါယ်မှာ
             ခေါင်းတွင် ပုံတော်အုပ်သဖြင့် မြဲမြန်သည်။ ခိုင်ခန့်သည်။ စိတ်ချရသည်ဟု အဓိပ္ပါယ်ရသည်။ ၄င်းအဆင့်သည် အလယ်အဆင့်လည်းဖြစ်သည်။ အရေအကြီးဆုံးအဆင့်လည်းဖြစ်သည်။ ပညာအပ်သည့် နေရာတွင် အထူး ဂရုစိုက်ရမည်။ နတ်မင်းကြီးအားလုံး အကုန် စောင့်သည်။ ဝီယသိဒ္ဓိ၊ ဓန သိဒ္ဓိကာယသိဒ္ဓိအစရှိသည့် သိဒ္ဓိဆယ်ပါးပြီးမြောက်သည်။
(ဥာဏ်ရှိသလိုသုံးမှသာ ပြီးမြောက်သည်။)
(အပေါ်နှုတ်ခမ်း)                                                          ( အောက်နှုတ်ခမ်း)
သူ= သရဿတီ                                                           သူ= သူရဿတီ
စံ=  စန္ဒီ                                                                      စံ=  စန္ဒီ
ပ= ပရမီသွာ                                                                ပ= ပရမီသွာ
မ= မဟာပိန္နဲ                                                               တိ=  သဟံပတိနတ်မင်းကြီး
ဂေါ= ဂေါရမန

  ၆။ ခြောက်ဆင့်၏ အဓိပ္ပါယ်မှာ
  ၂၄                             - တန်ခိုးကြီးသော   နတ်စစ်သည်တော်
  ၄၅                             - နတ်ဗိုလ်ချုပ်ကြီးများ
  ၆၇                             - သံချပ်ဝတ် စစ်သည်တော်ကြီးများ
  ၁၃                             - ဓူတင်တရားစောင့်သည်
                       ရှင်မဟာ ကဿပကျိန်းစက်သောအခါ လူစွမ်းကောင်း သံချပ်ဝတ်တွေကာထားသလို ငါတို့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုရန်သူမျိုးမှ မနှောက်ယှက်နိုင်ပါ။ စဓဗဝ ဘုရားလေးဆူဝိဇ္ဇာလေးပါးစောင့်သည်။ ယင်းခြောက်ဆင့်သည် စမ သည် မြေတိုက်ရှင်းသဲမန်း စမ အဖြစ် အသုံးပြုနိုင်သည်။ တနည်းအားဖြင့် ဆိုသော်-
ဥုံ - ဘုရား ဟူက မောက်လူ ၂၄ ဆိုသည်မှာ နှစ်ကျိပ်ရှစ်ဆူသော ဘုရားများအနက် ဘဒ္ဒကမ္ဘာတွင်  ပွင့်တော်မူသော သံ-ဂုံ-ပ-မ ဆိုသော ဘုရားလေးဆူကို ပါယ်လိုက်ပြီး ၂၄ ဆူသော ဘုရားများကို မောက်ရှည်၊ မောက်လူ ခေါင်းဆောင်များ သဘွယ် ဦးထိပ်၌ ပင့်ဆောင်ထားပါသည်။
             ဥုံ - ဘုရားဟူက ဘာလီထွေး ၄၅ ဆိုသည်မှာ မြတ်စွာဘုရား၏ ၄၅ ဝါကာလပါတ်လုံး ဟောကြားတော်မူခဲ့သော သုတ်၊ အဘိဓမ္မာဝိနည်း၊ ဓမ္မာခန္ဓာရှစ်သောင်းလေးထောင် တို့ကို မင်းညီမင်းသားများ ဝတ်ဆင်သော တာလီတွေးခေါ် လည်စီးအနေဖြင့် ပခုံးတွင် ပင့်ဆောင်ထားပါသည်။
            ဥုံ - သံဃဟူက သံချပ်ဝတ် ၆၇-ပါး ဆိုသည်မှာ မြတ်စွာဘုရား၏ သံဃများအနက်မှ ဧကဒက်ရသော ရဟန္တာများကို သံချပ်ဝတ်အင်္ကျီများ သဖွယ် တကိုယ်လုံးခြုံစေခြင်းငှာ ပင့်ဆောင်ထားခြင်း ဖြစ်သည်။ ဤသို့အားဖြင့် စုတင် တစ်ဆယ့်သုံးပါး ကို ပင့်ဆောင်တော်မူသော ရှင်မဟာကဿဖ ရဟန္တာကြီးတွင် ဘေးမရှိ သကဲ့သို့ မိမိတို့သည်လည်း ဘေးမရှိရန်အတွက် စီရင်ထားခြင်းဖြစ်ပါသည်။
၇။ ခုနှစ်ဆင့်၏ အဓိပ္ပါယ်မှာ-
                           ဥုံ- ထကာထကာသေနှင့် ဥုံသေဓမ္မာရှင် တွဲထိုးထားခြင်းကြောင့် တန်ပြန်စမများ ဖြစ်သည်။ ဥုံထကာထာသေကို သေကို တဆင့်တွင် ရှင်းပြီးဖြစ်သည်။      
                           ဥုံသေဓမ္မာရှင်- လှံနှင့် ထိုးပြန်လျှင် လှံပြန် ဒုက္ခအမျိုးမျိုး ဖြစ်အောင် လုပ်လျှင် သူ့ဒါဏ် သူခံတန်ပြန်စေသည်။ ရင်ဘတ်၌ ထိုးသော အစက် ကိုးစက်မှာ ဂုဏ်တော် ကိုးပါး ကို ရည်မှန်းထိုးခြင်း ဖြစ်သည်။ နဝင်းကြေ၊ ထရင်း ကြေထိုခြင်းဖြစ်သည်။

၈။ ရှစ်ဆင့် အဓိပ္ပါယ်မှာ
               ဋသညက     = သိကြားမင်းစောင့်သည် (တသံညင်းကျိတ်)
                               = သိကြားမင်း၏ နားကင်း၌ပါသည်။
              ယ္က               = ကျောခြင်းကပ်၍ ဟန့်တားခြင်းမျိုးဖြစ်ပြီး ကာယ သိဒ္ဓိမြောက်သည်။
( ကရံဘ ) ဏ ဘရံ= ဘေးမရှိ။
                ထို့ကြောင့် တသညက သိကြားမင်းသည် နနှင့် ယ ဖြစ်သော ကာယ္ကသိဒ္ဓိဖြစ်သည်။  မည်သည့် ရန်သူမျိုးမှ မထိုးဖောက်နိုင်သော = ဏဘရံ = ဘေးမရှိအောင် သိကြားမင်းမှ စောင့်မကြည့်ရှုသော၊ စောင့်ကြပ်သော ကာယသိဒ္ဓိမျိုးကို ဆိုလိုပါသည်။
 
၉။ ကိုးဆင့် အဓိပ္ပါယ်မှာ-
                နေ လ နှစ်ပိုင်းကို ပိုင်ဆိုင်တော်မူသော ရှင်ဦးသြဘာသ ရဟန္တာစောင့်သည်။
              = ပထဝီမြေဓါတ်
              = တေဇောမီးဓါတ်                လောကသုံးပါးကို ထိန်းချုပ်ထားသော
              = အာပေါရေဓါတ်                 စမ ဖြစ်သည်။
              = ဝါယောလေဓါတ်
              ညာဖက်ပခုံးစွန်းတွင် (ဗ)ထဲတွင် (လ) ထိုးထားသောကြောင့် အာပေါဓါတ် =  ရေဓါတ် ၊ လ= အေးမြသည်။ ထို့ကြောင့် အအေး အအေးခြင်းထိုးထားသည့် မိဿကဓါတ်၊ ဝီယသိဒ္ဓိ မြောက်သည်။
               ဘယ်ဘက် ပခုံစွန်းတွင် (ဓ) ထဲတွင် (နေ) ထိုးသောကြောင့်  တေဇေဓါတ် = မီးဓါတ်၊ နေ= အပူ ၊ ထို့ကြောင့် အပူ အပူခြင်း မိဿကဓါတ်၊ ကာယသိဒ္ဓိ မြောက်သည်။
                ကိုးနဝင်း၏ အဓိပ္ပါယ်မှာ နဝင်းဆိုတာဟာ မာဂဓ စကား ( နဝ = အင်္ဂမှ ဆင်းသက်လာခြင်း ဖြစ်သည်။)
              သဒ္ဓါနည်းအားဖြင့် ဝိဂြိုလ်ပြုသော နဝအင်္ဂ နဝ = ကိုး ၊ အင်္ဂ = အဓိကံ အပိုင်း ( ကိုးအစိတ်အပိုင်း နဝင်းကြေသည်ဟု ခေါ်သည်။)
               နောက်တနည်းမှာ မြတ်စွာဘုရား၏ စက်လက္ခာ ဧကာ ဖြစ်သည့် ( ၁၀၈) ဂုဏ်တော်သည် ကိုးပါးရှိ၏။

No comments:

Post a Comment