Saturday, June 9, 2012

ရွှေရင်ကျော်ဆိုင်ရာ အမေးအဖြေများ ၁

ကျွန်တော်က ဂိုဏ်းဝင်တဦးဖြစ်ပြီး ၉ ဆင့် ဆရာတယောက်ဖြစ်ပါတယ်....သိုသော် ကျွန်တော်ဆရာ မှာ တခြားမြို့ မှ ဖြစ်သောကြောင့် ပညာသာယူထားပြီး ဂိုဏ်းတော်နှင့် ပက်သက်ပြီးသိသင့် သိထိုက်သော အကြောင်းများလေ့လာသင်ယူရန် အ ခက်အ ခဲ ရှိပါသောကြောင့် ဆရာတို့ အနေဖြင့် ကူညီပေးစေလိုပါသည် ခင်ဗျား။ ကျွန်တော် သိလိုသည်များကိုမေးရာတွင် အမှားအယွင်း ပါခဲ့ ပါက နားလည်ခွင့်လွှတ်ပေးပါရန် ရှေးဦးပထမ ကြိုတင်တောင်းပန်ပါရစေ။ နောက်တချက်မှာ ဆရာ့အားပညာ စမ်းခြင်းမဟုတ်ဘဲ အမှန်တကယ် ကျွန်တော်သိလို သောကြောင့် မေးမြန်းအကူညီတောင်းခံခြင်း ဖြစ်ကြောင်း ယုံကြည်စေချင်ပါသည်။ ကျွန်တော့်အားကူညီပြီး စာပြန်လိမ့်မည်ဟု လည်းယုံကြည်ပါသည်ခင်ဗျား။

၁ ။ ပထမ ကျွန်တော်သိလိုသည်မှာ ဆေးတော်စစ်မစစ် မည်သို သိနိုင်ပါသနည်း ။ ကျွန်တော့်ဆရာမှာ အဖေကြီးဦးမြခင် ၏ သား တပည့် တဦးဖြစ် ပါသည်။ ဆရာတွင် ဆေးတော် ၂ မျိုးတွေ့ဖူးပါသည် ။ ပညာတက်ပေးစဉ်က ( အဖေကြီးဦးမြခင် ချထားပေးသော ဆေးတော် နှင့် သာ တပည့်များအားပညာ တက်ပေးပါသည် ဟု သစ္စာဆိုပြသည့်) ဆေးတော်တဆူ။
 နောက်တဆူမှာ လပြည့်လကွယ် နေ့များတွင်သာ နဖူး၊လျှာ တွင်သာ ပေါက်ပေးသော ဆေးတော် ဖြစ်ပါသည် ။ မည်သည့်ဆေးတော်သည်စစ်ပါသနည်း။ ၂ ဆူ စလုံး ဆေးတော်စစ်မည်ဟုယုံကြည်ပါသော်
လည်း ကွဲပြားနေသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါသည်။ ကြားရသည်မှာ ဒုတိယဆေးတော်မှာေ၇ှးကဂိုဏ်းဖခင်ကြီးများကိုယ်တိုင် ကိုင်ဆောင်ခဲ့သည့်ဆေးတော်ဖြစ်သည်ဟုသိရပါသည်။ကျောက်သားကဲ့သိုကျစ်လစ်မာကြော ပြီး လက်ညိုးလက်တဆစ် သာသာ ၇ှိပါသည် ။ သို့သော် နဖူး၊လျှာ လောက်သာပေါက်ပေးပါသောကြောင့် ကျွန်တော်တို့ သည် ဆေးတော်စစ် နှင့်ပညာတက်ခွင့်ရသည်ဟု ဆိုနိုင်ပါသလား ဆရာ ခင်ဗျား။ ဥပဇျယ်ဆရာအားမေးရာမည်မှာအခက်အခဲရှိပါသောကြောင့် ဆရာမှ ပွင့်ပွင့်လင်းလင်းမေတ္တာထားပြီးဖြေပေးစေလို့ပါသည်။
     ဆေးတော်အကြောင်း
               ဖြေ။   ။  ဆေးတော်သည် ကျစ်လစ်မာကြောပြီး မွှေးသောရနံ့ရှိပါသည်။ ဆေးတော် စစ် မစစ် သိလိုလျှင် ဆေးတော်အစစ်နှင့် ပညာခံယူထားသော ဆရာတစ်ဦးမှ အခြားပညာမခံယူထားသော သာမန်လူတစ်ယောက်ကို ဘုရားငါးဆူအမိန့် အထက်ဆရာကြီးများအာဏာ ငါ့ဆရာအတိုင်းဖြစ်စေ ဆိုပြီး ရွှေရင်ကျော်ပညာ ၃ဆင့် ပညာ တည်ပါစေသား ပြီးလျှင် မိစ္ဆာ ပယောဂမှန်သမျှတို့ကို စမ်းသပ်စစ်ဆေးနိုင်ပါစေသား. လို့. လက်ဝါးရိုက်၍ ပညာအပ်ပြီး ပယောဂဝေဒနာရှင်လူနာတစ်ဦးကို စမ်းသပ်စစ်ဆေးလို့နိုင်ပါသည်။ ဆေးတော် မစစ် လျှင် ပညာလွှဲအပ်၍မရပါ။ ပယောဂလည်း စမ်းသပ်လို့မရနိုင်ပါ။ ဆေးတော်ကို မည်သည့်ဓါတုဗေဒပစ္စည်းများနှင့် စမ်းသပ်စစ်ဆေး၍ မရနိုင်ပါ။ ဆေးတော်စစ်မစစ် စမ်းသပ်နိုင်သော ဆရာကြီးများမှာ (၁) ဂိုဏ်းချုပ်ဘိုးတော်ဟန်၏ သမီးဖြစ်သူ အမေကြီး ဒေါ်အေးကြည် (၂) သားဖြစ်သူ ပါရမီရှင် ဆရာကြီးဦးစံသိန်း တို့ နှစ်ဦးသာ စမ်းသပ်စစ်ဆေးနိုင်ကြောင်း ကျွန်တော်၏ ဆရာက ရှင်းပြမှု့ကြောင့် သိရှိခဲ့ရပါသည်။
                 အမေကြီးဒေါ်အေးကြည်သည် အဖဆရာကြီး ဘိုးတော်ပွင့် လက်ထက်က ဆရာကြီးဘိုးတော်ပွင့်ကို ဖခင်၏ကိုယ်စား အနီးကပ် ပြုစုစောင့်ရှောက်ခဲ့ရပါသည်။ ဘိုးတော်ပွင့် ဆေးတော်ကြိတ်စဉ် ဝိုင်းဝန်းကူညီပြီး ကိုယ်တိုင်တွေ့မြင်ခဲ့ရသောကြောင့် ဆေးတော်၏ အလေးချိန်၊ အရွယ်အစားကို လက်ဖြင့် ကိုင်တွယ်ရုံဖြစ့် ဆေးတော်စစ်မှန်ကြောင်း သိရှိနိုင်ပါသည်။  
                   ဆရာကြီး ဦးစံသိန်းလက်ထဲတွင် ဖခင်ဖြစ်သူ၏ ဂိုဏ်းချုပ်ဆေးတော်နှင့်အတူ ဆေးတော်ဖော်စပ်မည့် ဆေးအမယ်များ လက်ဝယ်ရရှိထားသောကြောင့် ဆေးတော်ဖော်စပ်သည့် လုပ်ပိုင်ခွင့်ကို အထက်ဆရာတော်ကြီးများ၏ အပ်နှံမှု့ကို ပါရမီရှင် ဖခင်ရဲ့ကိုယ်စား ဂိုဏ်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသောကြောင့် ဆေးတော်စစ်ကို ကိုယ်တိုင် ဖော်စပ်နိုင်ပါသည်။ ကျေးဇူးရှင် အဖေကြီး ဦးမြခင်ရှိစဉ် အဖေကြီး၏ ဆရာကြီးများထံမှ ခွင့်ပြုချက်မရထားသဖြင့် ဆေးတော်စစ်မစစ် စမ်းသပ်မှု့ကို မပြုခဲ့ပါ။ဆေးတော်စစ်မှန်ကြောင်းကို သိနိုင်ပါသည်။
အဖဆရာပြူးလက်ထက်က ဆေးဘုရားကြီးများ၊ အဖဆရာပွင့်လက်ထက်က ဆေးတော်ကြီးများ၊ ဂိုဏ်းချုပ်လက်ထက်မှ ဆေးတော်အများအပြား ရှိပါသည်။ ပညာသင်ဆေးတော်မှ တစ်ဆင့် တပည့်များအား လက်ဆင့်ကမ်းပညာအမွေများ ပေးအပ်နိုင်ပါသည်။

ပညာသင်ဆေးတော်များ အတုပြုလုပ်သူများနှင့် ရှေးရှေးက ဆေးတော်များဟု ယူဆရသည့် အရာများအပေါ် အခွင့်မဲ့ ဆောင်ရွက်ဆုံးဖြတ်ကြသူတွေဟာ ပညာယူစဉ် ဆောက်တည်ခဲ့သော ကတိသစ္စာ သုံးချက် ဘယ်လိုဘဲ လုံခြုံပါစေ အဲဒီသစ္စာသုံးချက်ထက် ပဓာဏကျနဲ့ စည်းသစ္စာကြီးကို ပျက်ခဲ့သော စည်းသစ္စာပျက် ပိုလို့ချက်ပါတယ်.။ ဝိဇ္စာတည်ထောင်တဲ့ဂိုဏ်း ဝိဇ္စာစောင့်ရှောက်တဲ့ ဂိုဏ်းကို ဘယ်ဆေးသုံးကြမလဲ။ ဝိဇ္စာဆေးဘဲ သုံးကြမှာပေါ့။ ဝိဇ္စာစောင့်တဲ့ဆေး မဟိဒ္ဒ္စတန်ခိုးတွေ ကိန်းတဲ့ဆေး တော်ဝင်မဟာ သိဒ္စိဖြာတဲ့ဆေးပါ။

၂။ နောက်တချက်မှာ ပညာပျက်သွားသောတပည့်တဦးသည် ပညာပြန်ယူလျှင်  အဆင့်စမ များကိုပြန်ပေါက်၇န်လို့ပါသလား ......လ၀ါးရိုက် အမိန့်ပြန် ရုံနှင့် လုံလောက်ပါသလား ။
     ဖြေ။     ။ ပညာပျက်သွားသော တပည့်တစ်ဦး ပညာပြန်ယူလျှင် အဆင့်စမများကို  ပြန်လည်၍ တိုက်ကျွေးသင့်ပါသည်။ အကယ်၍ အရက်ဘီယာများ သောက်ခဲ့ပါက
ဝမ်းတွင်း၌ တိုက်ထားသော အဆင့် စမ များ၏ အာနိသင် ပျက်စီးသွားပါသည်။ အသစ်ပြန်၍ အဆင့် စမ များကို ပြန်ပေါက် ပေးရန်လိုအပ်ပါသည်။ လက်ဝါးရိုက် အမိန့်ပြန်ရုံနှင့် မလုံလောက်ပါ။
၃။ မိမိအား၇န်ပြုလာသော အောက်လမ်းပညာသည်တဦးနှင့် လူချင်းတွေ့ ခဲ့သော ဆိုင်ရာကို ချုပ်ခိုင်း လို့ ရပါသလား။ သို့မဟုတ် မည်သို့ ဆုံးမ လို့ ရပါသနည်း။ သိလိုပါသည်။
     ဖြေ။     ။ ဆိုင်ရာကို ချုပ်ခိုင်း၍ မရပါ။ ပညာသည်စက် ကုထုံးအရ ကာယကံရှင် အောက်လမ်းပညာသည်နှင့် ဆုံခဲ့သော် ပညာသည်မာန် တက်ခဲ့ပါက နဖူးကို လက်ညိုးနှင့် နာနာထောက်ပြီး စိတ်လျော့ထားပါ၊ ဒေါသကိုလျော့ပါလို့  နာမည်ခေါ်ပြီး သတိပေးလိုက်ပါ။ ပုံမှန်သတိပြန်ရလျှင် ပညာသည်နှင့် အောက်လမ်းပညာအကြောင်းကို နားလည်သဘောပေါက်အောင် ရှင်းပြပြီး သူ၏ပညာကို စွန့်လွှတ်လှူဒါန်းရန် တရားချပါ။ ကာယ့ကံရှင် လက်မခံ ခွင့်မပြုပါက ကုသဖယ်ရှားလို့ မရနိုင်ပါ။ ပညာသည်က ကြမ်းတမ်းစွာ ဆက်ဆံပါက လက်ဦးမှု့ယူပြီး ပညာသည်၏ဆံပင်ကို ဆွဲပြီး နဖူးကို လက်ညိုးဖြင့် ထောက်ပြီး နံမည်တပ်ပြီး သတိပေးလိုက်ပါ။
၎။ ပညာသည်များက ဆရာ များအား အာဏာစက် နိမ့်ကျအောင်လုပ်လို့ရပါသလား ။ ဥပမာ တ အိမ်တည်း အတူနေ( မိသားစုဝင် )လျှင် အစာ၊ ရေ တို့တွင် ဘုန်းကံနိမ့်ကျစေသည့် အစီ အမံများ မသိအောင်ထည့် ပြီး လုပ်နိုင်ပါသလား ။ မည်သို့ကာကွယ်ရပါမည်နည်း ။ အ န္တရာယ်စက်ဖြတ်ရုံနှင့်လုံလောက်ပါသလား ။ 
ရိုသေလေးစားစွာဖြင့် .....
ဝဏ္ဍ
     ဖြေ။    ။ ဆရာများအား အာဏာစက် နိမ့်ကျအောင် မလုပ်နိုင်ပါ။ အစာရေစာတို့တွင် အောက်လမ်းပညာ အစီအမံများဖြင့် တိုက်ခိုက်ထားပါက ဆရာ၏ ညာလက်ညိုးဖြင့် အစာများကို ထိတွေ့ပြီး စက်ဖြတ်ပါ။ ( စက်ဖြတ်ပုံမှာ-- ဘုရားငါးဆူအမိန့် အထက်ဆရာကြီးများအာဏာ ငါ့ဆရာရဲ့ အမိန့် ငါစားမည့် အစာရေစာများ အားလုံ ဆေးအတိဖြစ်စေ မူလပြန် တန်ပြန်ထိ ဖြစ်စေ) ဘုရားကျောင်းကန်အတွင်း ကျေးလက်တောရွာများသို့ သွားရောက်စဉ်တွင် ညာဖက်သွားကို အံကြိတ်ပြီး ညာလက်ညိုးထောင် ညာဖက်ခြေဖနောင့် သုံးခါဆောင့် ( ဘုရားငါးဆူအမိန့်.. အထက်ဆရာကြီးများ အာဏာ ငါ့ဆရာ၏ အမိန့်  ငါသွားမယ့် လမ်းတစ်လျောက်မှာ အောက်လမ်း မိစ္ဆာ မကောင်းတဲ့ စက်မှန်သမျှ အားလုံးပြတ်စေ ဆိုင်ရာမှ ချုပ်ထားပါ မူလပြန် တန်ပြန်အထိဖြစ်စေ)

  အမြဲတမ်းလေ့လာပါ၊ သိရှိလိုပါက ဆက်ပြီးမေးမြန်းနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။
ဆရာအောင်မျိုး (မဲဆောက်မြို့၊ ထိုင်းနိုင်ငံ)

7 comments:

  1. ကုသထားသောအစွဲ တခုက ကုသပေးသောဆရာကိုအညှိုး ထားမထား
    သိချင်ပါတယ် ဆရာ

    ReplyDelete
  2. ကုသထားသော အစွဲတစ်ခု ကုသပေးသော ဆရာကို အညှိးထားမထား ကိစ္စနှင့် ပတ်သက်ပြီး ဆရာများ အနေဖြင့် စိုးရိမ်ကြောက်ရွံ့မှု့ ရှိစရာမလိုပါ။ ဆရာများနှင့် အောက်လမ်းမိစ္ဆာပညာရှင်များသည် ယှဉ်ပြိုင်ဖက် ဖြစ်သော်ငြားလည်း အထက်လမ်း ဆရာကြီးများကို ဘယ်သောအခါမှ အနိုင်ရယူမှု့ မရှိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အထက်လမ်းဆရာကြီးများကို အထက်သူတော်စင် ဓမ္မအရိယာဝိဇ္ဇာကြီးများနှင့် အထက်နတ်ကောင်းနတ်မြတ်များမှ စောင့်ရှောက် ကူညီစောင်မမှု့ကြောင့်ဖြစ်ပါသည်။ ဒါပေမယ့် ဆရာကြီးများမှ အမြဲတမ်းသတိရှိပြီး မကောင်းမိစ္ဆာ စက်များကို ကြိုတင်ပြီး ဖြတ်တောက်ထားရန် အထူးလိုအပ်ပါသည်။

    သတိမေ့ ပေါ့လျော့ပါက အောက်လမ်းစက်များ၏ စက်မိခြင်းကို ခံရပြီး တွေဝေထိုင်းမှိုင်းမှု့ကို ခံစားရပါသည်။ ဘုရားစင်၌ မီးစက် ရေစင်ကို သစ္စာဆိုတောင်းခံပြီး သောက်ခြင်း၊ ရေချိုးခြင်းများ ပြုလုပ် လိုက်ပါက အောက်လမ်းစက်များ မိခြင်းမှ ကင်းပသွားပါမည်။

    ကျေးဇူးတင်လျက်

    ဆရာ ဦးအောင်မျိုး

    ReplyDelete
  3. ​ရွှေရင်​​ကျော်​ဂိုဏ်း ပညာကိုဘယ်​လိုသင်​ယူ၍.​ရွှေရင်​​ကျော်​ဂိုဏ်းဘယ်​လိုဝင်​ရမလဲဆိုတာ ​ဖြေကြား​ပေးပါ့လားခင်​ဗျာ

    ReplyDelete
  4. ကျွန်​​တော်​က မန္တ​လေးကပါ ပညာသင်​ချင်​ရင်​ ဘယ်​​တွေသွား​ရောက်​သင်​ကြားရမှာလဲခင်​ဗျာ

    ReplyDelete
  5. ကျွန်တော်သူငယ်ချင်းရဲ့အဖေကိုသူ့မယားငယ်ကကွမ်းထဲဆေးခတ်ထားတယ်လို့ပြောပါတယ်အဲ့ဒါဘယ်လိုဖျက်ပစ်ရမလဲခဗျာ

    ReplyDelete