Sunday, July 8, 2012

ဆေးတော်အကြောင်း သိကောင်းစရာ


 ၁။ အဖဆရာအေးခေါ် စင်္ကြာမင်းသားကိုင်ဆောင်သော သံလျက် အရိုးသွားသည် စေပိုင် အာဏာပိုင်စေရန်
      သံလျက်သည် မြန်မာဘုရင်မင်းမြတ် ခေတ်အဆက်ဆက် ရေမြေ့သခင်ရှင်ဘုရင်များ ကိုင်ဆောင်သော သံလျက်ဖြစ်ပါသည်။ သြဇာအာဏာ အထူးရှိပါသည်။ ရှင်ဘုရင်မှ သံလျက်ဖြင့် မြေကြီးပေါ်၌ (စည်းသုံးချက်) တားပြီး အမိန့်ပြန်ထားပါက မည်သူမဆို ကျူးကျော်ခဲ့ပါက ခြေကျူး ခြေပြတ် လက်ကျူး လက်ပြတ် မီးလိုပူ ပြာအတိကျ စင်္ကြာဝဠာ အပြင်သို့ လွင့်စင်စေရမည်ဟု အမိန့်ပြန်ထားခဲ့လျှင် မိစ္ဆာဘီလူးကြီးများပင် ကြောက်ရွံစွာဖြင့် မကျော်လွှားဝံ့ပါ။ အာဏာစက် အလွန်ပြင်းထန်ပါသည်။ ရွှေရင်ကျော်ဆရာများသည်လည်း စေပိုင် အာဏာပိုင်ဆိုင်ကြပြီး မကောင်းသောမိစ္ဆာဝင်များကို အမိန့်အာဏာဖြင့် ဆုံးမနိုင်ပါသည်။ အာဏာကို သုံးရခြင်းမှာ မာန်နတ်အသင်းဝင် မိစ္ဆာများသည် ဘုရားရှင်လက်ထက် ကတည်းက မြတ်စွာဘုရားနှင့် ရဟန္တာအရှင်သူမြတ်များကို ဒုက္ခအမျိုးမျိုးပေးပြီး နှိပ်စက်ခဲ့ပါသည်။ အရှင်မဟာ မောဂ္ဂလန်မထေရ်မြတ်ကြီးကို မာန်နတ်သည် အရှင်မြတ်၏ ပါးစပ်ပေါက်မှ တစ်ဆင့် ဝမ်းတွင်းသို့ ဝင်ရောက်ကာ အူများကြားထဲ၌ လမ်းလျောက်ပြီး နှိပ်စက်ခဲ့ပါသည်။ အရှင်သူမြတ်မှ ဓမ္မတရားဖြင့် ဆုံးမခဲ့ဖူးပါသည်။ အချို့သော ကြမ်းတမ်းသော မိစ္ဆာဝင်များသည် ဓမ္မတရား မေတ္တာတရားကို နားမလည် လက်မခံဘဲ မကြောက်ရွံပါ။ ရွှေရင်ကျော် ဆရာများသည်လည်း မိစ္ဆာများကို အောင်နိုင်ခြင်းမှာ မေတ္တာဖြင့်သာ အောင်နိုင်ပါသည်။ သို့သော် မေတ္တာဖြင့် ဆုံးမ၍မရသော ကြမ်းတမ်းသော မိစ္ဆာများကို အာဏာစက်ဖြင့် ဆုံးမရခြင်းဖြစ်ပါသည်။
၂။ ကနက္ကဒန် ထီးဖြူ၏ပိတ်စ  ( ဘုန်းကြီးစေရန်)
     ဘုရင်သူမြတ်များသည် ရှင်ဘုရင်အဖြစ် တင်မြောက်ခြင်းခံရပါက မင်းကျင့်တရားဆယ်ပါးနှင့် ညီညွတ်လျှင် ထီးဖြူသည် အလိုလို ပွင့်ပါသည်။ မင်းကျင့်တရားဆယ်ပါးနှင့် မညီညွတ်ပါက ထီးဖြူမပွင့်ပါ။ ထီးဖြူ၌ စောင့်သော နတ်ကောင်းနတ်မြတ်များ
ရှိပါသည်။ ရွှေရင်ကျော်ဆရာများသည် သစ္စာသုံးချက် သီလနှစ်ပါး ပြည့်စုံပြီး လူသားအကျိုးပြု ပယောဂဝေဒနာရှင်များကို ကုသကယ်တင်ပြီး ကမ္မဌာန်းတရား အပါးလေးဆယ်၊ ဝိပါတ်သနာ တရားမြတ်ကို ကျင့်ကြံအားထုတ်ပါက လူမင်းဘုန်းကြီး နတ်မင်းမနေသာ သလို လူ့လောကတွင့် ထင်ပေါ်ကျော်ကြား ဘုန်းကြီးစေပါသည်။
၃။ ပန်တော်ကျ ပန်းခုနှစ်ပွင့် ( လူချစ်လူခင် ပေါများစေရန်)
    တောင်နန်းစံ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး ပန်သော ပန်တော်ကျ  ပန်းခုနှစ်ပွင့်သည် ပီယ၊ လူချစ်လူခင် ပေါများစေပါသည်။ မိဖုရားခေါင်ကြီး၏ မျက်နှာကို မြင်လျှင် ချစ်ခင်စေပါသည်။ အသံကို ကြားရလျှင် သနားကြင်နာမိပါသည်။ နန်းတွင်းရှိ သက်တော်ရှည် ဘိုးဘိုး မူးမတ်ကြီးများပင်လျှင် ချစ်ခင်စိတ်ဖြင့် ဖူးမြော်ကန်တော့ရပါသည်။ ရွှေရင်ကျော် ဆရာများသည်လည်း လူချစ်လူခင် ပေါများပြီး မိစ္ဆာအောက်လမ်းများတောင် ချစ်ခင်စေပါသည်။
၎။ မြေမခသော နတ်ဂမုန်း
     ထိုဂမုန်းသည် ပုပ္ပါးတောင်ထိပ် သစ်ပင်ကြီးများထိပ်တွင်သာ ပေါက်ရောက်ပါသည်။ မြေကြီးပေါ်၌ မပေါက်ပါ။ ဆေးဖက်ဝင် မြင့်မြတ်သော ဂမုန်းပေါင်းများစွာကို ပုပ္ပါးသူ မယ်ဝဏ္ဏက ဆေးတော်ဖော်စပ်ရာတွင် လှူဒါန်းကူညီပေးခဲ့ပါသည်။

2 comments:

  1. နေ့ တိုင်းဝင်ကြည့်ဖြစ်ပါတယ်...ဆရာ အနေနဲ့ ထပ်ပြီးတော့ အကြောင်းအရာများကို ပြသပေးစေချင်ပါသေးသည်...နောက်ထပ်...ရွှေရင်ကျော်ဂိုဏ်းရဲ့ ပုတီးစိပ်နည်းလေးများ ပေးလို့ ရမလား ဆရာ...ပုတီးစိတ်နည်း လေးတော့ ပေးသင့်တယ်ထင်ပါတယ်ဆရာ...

    ReplyDelete
    Replies
    1. နေ့တိုင်း ဘာကိုဝင်ကြည့်ပါသလဲ အ ဖေ ဆရာကြီး က ပုတီးစိပ် ရင် သရဏဂုံ သုံးပါးကို ဥုံ ခံစိပ် လေ့ရှိသည် လို့ရေးထားတာ မ တွေ့ဘူးလား။

      Delete