Thursday, June 7, 2012

က္ကစာသယမဟိဒ္ဒိစေဂိုဏ်းမှ ရွှေရင်ကျော်က္ကစာသယမဟိဒ္ဒိစေဂိုဏ်းတော်ကြီး ပေါ်ပေါက်လာပုံမှာ


၁။ ရွှေရင်ကျော်က္ကစာသယမဟိဒ္ဒိစေဂိုဏ်းတော်ကြီး တစ်ခုလုံးကို စတင်တည်ထောင်သူမှာ မင်းသားကြီး ဦးအောင်ဖြစ်ပါသည်။ ၄င်းနောက် မြတ်စွာဘုရားကြီး၏ သာသနာနော် မှေးမှိန်အောင် ၊ မထွန်းကားအောင် မတည်တံ့အောင် ဖျက်လို့ဖျက်စီး လုပ်ကြံနေကြသော လူမိစ္ဆာ နတ်မိစ္ဆာ တို့ကို ပပျောက်စေခြင်းငှာ ၊ အဘဆရာအေးခေါ် အဘ ဘိုးတော်စင်္ကြာမင်းသား လေးက မြတ်စွာဘုရားကြီး သာသနာတော်ကို ထွန်းလင်းတောက်ပအောင်၊ တည်တံ့ခိုင်မြဲအောင် ပြန့်ပွားအောင် ရွှေရင်ကျော်က္ကစာသယမဟိဒ္ဒိစေဂိုဏ်းတော်ကြီးအမည်ဖြင့် စတင်ထူထောင်ခဲ့သည်။
ထိုမှတစ်ဖန် ပညာခံယူကြသည့် ဆရာ/ဆရာမများ သိကြသည့်အတိုင်း အဘဘိုးတော်စင်္ကြာမင်းသားမှ အဘဘိုးတော်ပြူးသို့လည်းကောင်း ၊အဘဘိုးတော်ပြူးမှ တစ်ဖန် အဘဘိုးတော်ပွင့်သို့ လည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့သည်။ ဤတွင် ရွှေရင်ကျော်က္ကစာသယမဟိဒ္ဒိစေဂိုဏ်းတော်ကြီး သည် အဘဘိုးတော်ပွင့် လက်ထက်တွင် နောက်ဆုံးဖြစ်ပေသည်။
ယနေ့ ရွှေရင်ကျော်ဟု မြန်မာပြည်တွင်သာမက ပြည်ပနိုင်ငံများအထိပါ ဂုဏ်သတင်းကျော်ကြားနေသည့် ရွှေရင်ကျော်က္ကစာသယမဟိဒ္ဒိစေဂိုဏ်းတော်ကြီးသည် ကျေးဇူးတော်ရှင် အဘဘိုးတော်ဟန် လက်ထက်တွင် စတင်ခဲ့ပေသည်။ အဘိုးတော်ဟန်သည် အဘဘိုးတော်ပွင့်၏ တပည့်များထဲတွင် မိမိဆရာအဘဘိုးတော်ပွင့်အပေါ်၍ သံယောဇဉ်အရှိဆုံး အလိုက်သိသစ္စာရှိ အနစ်နာခံ၍ သီလသစ္စာ သမာဓိ ကြိုးစားဆည်းကပ်သူ ဖြစ်လေသည်။ ယင်းကဲ့သို့. ကြိုးနွံစွာ ပညာဆည်းပူးနေသည့် အဘဘိုးတော်ဟန်ပညာတော်ပုံ၊ ဆရာမှ ချစ်ခင်အရေးပေးပုံကို ပညာတူညီအကိုအချို့မှ အထင်အမြင်လွဲ၍ မနာလိုကြချေ. ထို့ကြောင့်လည်း ဆရာနှစ့် တပည့်နှစ်ဦးအကြား သွေးခွဲသပ်လျှို အထင်အမြင်လွဲမှားအောင်
အဘဘိုးတော်ဟန်၊ အဘဘိုးတော်ပွင့် အနားမကပ်နိုင်အောင် ကြိုးစားကြကုန်၏။ ပညာသင် ညီအကိုအချင်းချင်း ချစ်ခင်စည်းလုံးမှု့မရှိသော အယူလွဲညီအစ်ကို အချို့၏ အကြံအစည်အောင်မြင်ခဲ့လေသည်။ အဘဘိုးတော်ပွင့်သည်အဘဘိုးတောဟန်အား အထင်အမြင်လွဲမှားစွာ နှင်ထုတ်ခဲ့လေသည်။ အဘိုးတော်ဟန်သည် မျက်ရည်စက်လက်ဖြင့် ယူကျိုးမရစွာဖြင့် မိမိအားကိုးရာ  ဆ၇ာထံပါးမှ ထွက်ခွာခဲ့ရလေသည်။ သို့သော် မိမိဆရာအပေါ် မြူတစ်မှုန်မျှ ပြစ်များစိတ် ငြူစူစိတ်မရှိချေ မည်သူ့အပေါ်မျှ အပြစ်တင်မှု့မရှိ စောဒကတက်ခြင်းမရှိဘဲ မိမိဆရာအမိန့်အတိုင်း ဝမ်းနည်းစွာဖြင့် နာခံခဲ့လေသည်။ ယခုခေတ် ပညာခံယူသူတို့နှင့်ကား အကွာကြီးကွာခြားလှပေသည်. နမူနာယူထိုက်လှပေစွာတကား.. အဘိုးတော်ဟန်မှ မိမိဆရာထံပါးမှ သုံးနှစ်တာကာလမျှခွဲခွာနေရသောလည်း ဆရာကို တစ်နေ့မှ မမေ့ ဆရာဆုံးမစကားအတိုင်း လိုက်နာ ကြိုးစားကျင့်ကြံ၏. အဘိုးတော်ဟန်၏ ဆုတောင်းကား မိမိကျေးဇူးရှင်ဆရာနှင့်အမြန်ဆုံး ပြန်တွေ့ရပါလို၏ ဟူသတည်း။ များမကြာမီ ပါရမီရှင်ဆုတောင်းကား ပြည့်ခဲ့လေသည် အဘအဘိုးတော်ပွင့်သည် ၁၃၁၈ခု သတင်းကျွတ်လပြည့်ကျော် ၅ရက်တွင် ရန်ကုန် ကြည့်မြင်တိုင်နေအိမ်တွင် အချိန်ကျပြီဖြစ်၍ ထွက်ရပ်စခန်းသို့ ကြွမြန်းမည့်စဲစဲ သူ့အပေါ်သစ္စာအရှိဆုံး ဂိုဏ်းအပေါ် သစ္စာအရှိဆုံး မိမိစိတ်ကြိုက် စမ်းသပ်သော်လည်း လုံဝငြီးညူခြင်း ပြန်လည်စော်ကား ဝေဖန်ခြင်းမရှိဘဲ မိမိဆရာစိတ်ချမ်းသာလျှင်ပြီးရော စေခိုင်းတိုင်း ဆရာအမိန့်အတိုင်းလိုက်နာခဲ့သည့် တပည့်ဖြစ်သူအား စောင့်နေလေ၏။ အဲဒီအချိန်မှာဘဲ အဘဘိုးတော်ဟန်သည် ဆရာ၏အိမ်ပေါက်ဝသို့ရောက်လာလေ၏ ထိုအခါမှာ ပိတ်ဆို့တားဆီးနေကြသည့် ညီအကိုများကြားမှ အတင်းတောင်းပန်တိုးလျှိုး၍ အိပ်ယာထဲ ပက်လက်ဖြစ်နေသော ဆရာ့အနားသို့ စိတ်ထိခိုက်စွာ တိုးကပ်သွားလေ၏။ ထိုအခါမှာ အဘဘိုးတော်ပွင့်က မောင်ဘိုးဟန်လား… ဟုတ်ကဲ့ ကျွန်တော်ရောက်ပါပြီ.. ထိုအချိန်ကြမှ အဘဘိုးတော်ပွင့်သည် ခါးကြားမှ ဂိုဏ်းတော်ချုပ်ဆေးတော်နှင့်တကွ ဖော်နည်းကား ဆေးအမည်ပစ္စည်များကိုထုတ်၍ .. ရော့ ငါ့သား မောင်ဘိုးဟန် ငါ့ဂိုဏ်းတော်ကြီးတော့ မှောက်တော့မယ် ရွှေရင်ကျော်တပ်ပြီး. ဆက်၍ အုပ်ချုပ်တော့ဟု ဆေးတော်ဖော်နည်းကား ဆေးအမယ်ပစ္စည်းများနှင့် အတူ ဂိုဏ်းတော်ချုပ်ဆေးတော်ကို ပေးအပ်လိုက်လေသည်။ ပြီးနောက် ခုချက်ခြင်း အမြန်ဆုံးထွက်သွားဟု နှင်ထုတ်လိုက်လေသည်။ 
အဘိုးတော်ဟန်သည် ဆရာထံပါး၌ နေလိုသေးတော်လည်းဆရာ့အမိန့်ကို တစ်ခါမျှမပယ်ဖူး သော်ကြောင့် မိမိဆရာ၏ အမိန့်အတိုင်း ထွက်ခွါခဲ့ရလေသည်. အဘဘိုးတော်ဟန် ဓနုဖြုသို့ ရောက်ခါနီးမှ အဘဘိုးတော်ပွင့် ထွက်ရပ်စခန်းသုံးအပြီးတိုင် မြန်းကြွတော်မူခဲ့လေသည်။ အဘဘိုးတော်ပွင့်ထွက်ခွါတော်မူပြီးတောက် အချို့တပည့်များသည် ဂိုဏ်းကို အမည်အမျိုးမျိုးပြောင်း၍ သူတစ်လူ ငါတစ်မင်း ဂိုဏ်းချုပ်အမျိုးမျိုးလုပ်ကာ အဖောက်ပြန်ကြီး ဖောက်ပြန်ကြလေ၏။
ထိုအခါမှ အဘဘိုးတော်ဟန်သည် ငါ့အဖေဂိုဏ်းဟာ ရွှေအစစ်ဖြစ်ပါလျှက်နှင့် ဒင်းတို့တစ်တွေ လုပ်ကြံလို့ ကြေးတွေ မိုးကြိုးတွေ ဖြစ်ကုန်ပြီ.ခတ်ဆေးတွေ တို့ဆေးတွေလုပ်ကုန်ပြီ ထို့ကြောင့် ဘယ်သူတွေဘာဘဲ ဖောက်ပြန်ဖောက်ပြန် ငါ့လက်ထဲမှာ ငါ့အဖေထားခဲ့တဲ့ ရွှေအစ်နဲ့တူတဲ့ပညာရှိတယ်ကွ ဟူသည့် ခံယူချက်ဖြင့် မဖောက်မပြန်. မှန်ကုန်သော စေတနာထားကာ မိမိဆရာ သြဝါဒ အမိန့်မှာစကားအတိုင်း က္ကစာသယမဟိဒ္ဒိစေဂိုဏ်းတော်ကြီး ဟူ၍ ရှေ့မှ ရွှေရင်ကျော်တက်ခဲ့လေသည်။
အဘိုးဘိုးတော်ပွင့် မိန့်မှာ စကားအရ အဘဘိုးတော်ဟန် လက်ထက်မှာ ရွှေရင်ကျော်က္ကစာသယမဟိဒ္ဒိစေဂိုဏ်းတော်ကြီး တည်ထောင်ခြဲ့ခင်းဖြစ်၏. ထို့ကြောင့်လည်း အဘဘိုတော်ဟန်ရေးသား ထုတ်ဝေခဲ့သည့် သခေပနယျကျမ်းစာအုပ်တွင် ဂိုဏ်းတော်ချုပ်ဘိုးတော်ဟန်ဟူ၍ ပါရှိခြင်းဖြစ်၏. ထို့ကြောင့်ပညာခံယူသူ ဆရာဆရာမများ အထူးမှတ်ရန်မှာ အဘိုးတော်ပွင့်ပေးခဲ့သော နာမအမည်ဖြစ်၍ ဂိုဏ်းတော်ချုပ်သည် ကျေးဇူးရှင် အဘဘိုးတော်ဟန် ဖြစ်ပေသည်။

No comments:

Post a Comment