Monday, June 18, 2012

ဝန်ခံတောင်းပန်ချက်


                                                  ဆရာကြီးဦးစံသိန်း

  ကျွန်တော်သည် ဂိုဏ်းတော်နှင့် ပတ်သက်ပြီး ဆရာကြီးများမှ ရှင်းပြသင်ကြားမှု့ကြောင့် အနည်းအကျဉ်းမျှသာ သိရ တတ်မြောက်ခြင်းဖြစ်ပါသည်။  ရွှေရင်ကျော်ပညာကို လွန်စွာချစ်မြတ်နိုးတန်ဖိုးထားသူ ဖြစ်ပါသည်။ ရွှေရင်ကျော်ပညာဖြင့် ပယောဂဝေဒနာရှင် လူနာရှင်မြောက်များစွာကို ကုသ ကူညီပေးခြင်းပါသည်။ ဂိုဏ်းတော်အပေါ် ဆရာ့ဆရာကြီးများအပေါ်တွင် မိမိသိသော အသိဥာဏ်ပေတံဖြင့် တိုင်းတာပြီး ဝေဖန်ခဲ့ပါသည်။ လူငယ်သဘာဝ စိတ်ကူးဖြင့် ဆရာ့ဆရာကြီးများအား ဝေဖန်ခဲ့ပါသည်။ အထူးသဖြင့် ပါရမီရှင် ဆရာကြီး
ဦးစံသိန်းနှင့် ပတ်သက်ပြီး ဆရာကြီးဦးစံသိန်းမှ ဂိုဏ်းတော်၏တာဝန်ကို ဖခင်ဖြစ်သူ ဂိုဏ်းချုပ်ဘိုးတော်ဟန်၏ ကိုယ်စား ဂိုဏ်းတော်၏တာဝန် ထမ်းဆောင်ခဲ့သည်ကို နိုင်ငံရေးရှူ့ထောင့်အမြင်မှ ကြည့်ပြီး မိသားစုပိုင်အဖြစ် သတ်မှတ်ပြီး လုပ်ဆောင်ခဲ့သည်ဟု ဝေဖန်ခဲ့ပါသည်။ ဝိဇ္ဇာပညာရပ်တွင် သားသမီးဖြစ်၍ မျက်နှာမလိုက်ကြောင်း ဝေဖန်ခဲ့ပါသည်။ ဗုဒ္ဓဘာသာတွင် တစ်လုပ်စားဖူး သူ့ကျေးဇူး ရှိကြောင်း ရွှေရင်ကျော်ဆေးဖြင့် ပညာရခဲ့သည်မှာ ရွှေရင်ကျော်ဂိုဏ်းချုပ် မိသားစု၏ ကျေးဇူးကြီးမားကြောင်း သိခဲ့ရပါသည်။ ဂိုဏ်းနှင့် ဆရာ့ဆရာကြီးများကို မဝေဖန်သင့်ကြောင်း အဖေကြီးမှ ဆုံးမခဲ့ပါသည်။ သို့ပါသောကြာင့် ဘဝတစ်ပါးသို့ ထွက်ရပ်ပေါက်ပြီး ကူးပြောင်းသွားသော ကျေးဇူးရှင် ဆရာကြီး ဦးစံသိန်းအား ကာယဝစီမနောချီ၍ ဦးသုံးကြိမ်ချပြီး ပြောမှားဆိုမှား ဝေဖန်မှားခဲ့ပါက အပြစ်ဆယ်ဒဏ် ဒဏ်ဆယ်ပါး ကျေပါစေကြောင်း ခွင့်လွှတ်တောင်းပန် အပ်ပါသည် ဆရာသခင် ကျေးဇူးရှင် ကြီးခင်ဗျား…………..။
ဆရာအောင်မျိုး

1 comment:

  1. လေးစားပါဆရာကြီး ဦးအောင်မျိုး

    ReplyDelete