Thursday, June 7, 2012

အဆိုးထဲမှာ အကောင်းရှာ


အကောက်ထဲမှာ
အဖြောင့်ရှာ မတွေ့သော်လည်း
ကောက်မလို ကွေးယောင်ယောင်ကို
အဖြောင့်ဟု မှတ်စွဲ။
အမဲထဲမှာ
အဖြူရှာ မတွေ့သော်လည်း
မဲမလို….ပြာညိုနုကို
အဖြူဟု မှတ်စွဲ။
အသီးအပုပ်ထဲမှာ..

အမှည့်ရှာ မတွေ့သော်လည်း…
ပုပ်မလို အသားယိကို
အမှည့်ဟု မှတ်စွဲ။
အဆိုးထဲမှာ…
အကောင်းရှာ မတွေ့သော်လည်း..
အနာအဆာ ဖယ်ကာရှင်း
ခြောက်ပြစ်ကင်းဘဲ..။
အဖေကြီး ဦးမြခင် ဆုံးမသြဝါဒများမှ

No comments:

Post a Comment