Monday, June 25, 2012

ကုသထားသောအစွဲတစ်ခုက ကုသပေးသောဆရာကို အညှိးထားနိုင်ပါသလား

မေး။            ။ကုသထားသောအစွဲ တခုက ကုသပေးသောဆရာကိုအညှိုး ထားမထား
သိချင်ပါတယ် ဆရာ
ဖြေ။    ။ ကုသထားသော အစွဲတစ်ခု ကုသပေးသော ဆရာကို အညှိးထားမထား ကိစ္စနှင့် ပတ်သက်ပြီး ဆရာများ အနေဖြင့် စိုးရိမ်ကြောက်ရွံ့မှု့ ရှိစရာမလိုပါ။ ဆရာများနှင့် အောက်လမ်းမိစ္ဆာပညာရှင်များသည် ယှဉ်ပြိုင်ဖက် ဖြစ်သော်ငြားလည်း အထက်လမ်း ဆရာကြီးများကို ဘယ်သောအခါမှ အနိုင်ရယူမှု့ မရှိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အထက်လမ်းဆရာကြီးများကို အထက်သူတော်စင် ဓမ္မအရိယာဝိဇ္ဇာကြီးများနှင့် အထက်နတ်ကောင်းနတ်မြတ်များမှ စောင့်ရှောက် ကူညီစောင်မမှု့ကြောင့်ဖြစ်ပါသည်။  ဒါပေမယ့် ဆရာကြီးများမှ အမြဲတမ်းသတိရှိပြီး မကောင်းမိစ္ဆာ စက်များကို ကြိုတင်ပြီး ဖြတ်တောက်ထားရန် အထူးလိုအပ်ပါသည်။
                  သတိမေ့ ပေါ့လျော့ပါက အောက်လမ်းစက်များ၏ စက်မိခြင်းကို ခံရပြီး တွေဝေထိုင်းမှိုင်းမှု့ကို ခံစားရပါသည်။ ဘုရားစင်၌ မီးစက် ရေစင်ကို သစ္စာဆိုတောင်းခံပြီး သောက်ခြင်း၊ ရေချိုးခြင်းများ ပြုလုပ် လိုက်ပါက အောက်လမ်းစက်များ မိခြင်းမှ ကင်းပသွားပါမည်။
ကျေးဇူးတင်လျက်
ဆရာ ဦးအောင်မျိုး

No comments:

Post a Comment