Thursday, June 7, 2012

သတိတရားရဖွယ်..


ဘုန်းနောက်ကို ကိုယ်ကလိုက်လဲပဲ တစ်နေ့ ကိုယ်စွန့်ရမှာပဲ ပညာလဲ ထိုနည်းလည်းကောင်းဘဲ ဥစ္စာလည်း ထိုနည်းလည်းကောင်းလည်း ရုပ်ရည်ရူပကာယလဲ ထိုနည်းလည်းကောင်းဘဲ…မာနတက်လည်း ခဏဘဲ .. သေခြင်းတရားက နေ့တိုင်း.. နောက်ကျောက ကပ်ပါနေတဲ့. ဆင်ခြင်မှု့လေးတွေနဲ့.. တရားလေးတွေနဲ့.. ကိုယ့်နောက်ပါတဲ့ အလုပ်လေးတွေ.. ဂိုဏ်းအလုပ်တင်မဟုတ်ဘူး… ကိုယ့်နောက်ပါတဲ့
တရားအလုပ်လေးတွေလည်း ဆက်လက်ပြီးတော့ လုပ်ကိုင်ကြပါ.။ ဘာဖြစ်လို့လဲ ဆိုတော့.. လာကတည်းကိုက ကျွန်မတို့မှာ. ကိုယ်လုံးတည်း လာခဲ့ကြတာ..၊ သရဏဂုံဆိုလို့ ဘာသရဏဂုံမှ မရှိဘူး ခြေဖဝါး လက်ဖဝါးနဲ့ လာခဲ့တာ.. လာကတည်းကိုက ငိုလာတဲ့သူတွေ .. ငိုပြီးတော့ မပြန်ကြပါနဲ့လို့… လာတုန်းက ငိုခဲ့တာတွေ ပြန်တော့လည်း ငိုပြန်ရတယ်ဆိုရင် မကောင်းပါဘူး..လာတုန်းက သရဏဂုံမရှိဘူး.. ပြန်သွားတော့ သရဏဂုံလေးတွေနဲ့ ပါသွားကြအောင် ဆက်လက် ကြိုးစားအားထုတ်ကြပါလို့.
ဆရာမကြီး ဒေါ်အေးကြည်

No comments:

Post a Comment