Saturday, June 9, 2012

သိဒ္စိရှင် မဟိဒ္စိရှင် ရွှေရင်ကျော်ဂိုဏ်းတော်ကြီးကို စောင့်ရှောက်ကြကုန်သော အထက်ဆရာတော်ကြီးများနှင့် ဆရာ့ဆရာကြီးများ၏ သိဒ္စိဆုကြီးများ ချီးမြှင့်ခြင်းခံရသူ ဆရာကြီး ဦးရဲညွန့်(မြဝတီ) အကြောင်း


အသက်၅၇ အရွယ်ရှိဆရာကြီးဦးရဲ့ညွန့်သည် လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်လောက်က ဆရာကြီး ဦးခင်မောင်ဝင်း ( ဆရာကြီး ဦးစိန်သောင်း၏ သားတပည့်)( အဖေကြီးဦးမြခင်) ထံမှ ပညာကို လက်ဆင့်ကမ်းရရှိခဲ့ပါသည်။ စုတ်တော်ပိုင်၊ ဆေးတော်ပိုင် ဆရာကြီးတစ်ဆူဖြစ်ပါသည်။ ပယောဂဝေဒနာရှင်များကို ကုသရင်း ဆင်းရဲပင်ပန်းစွာဖြင့် ဂိုဏ်းတော်၏ နှစ်ပတ်လည်ပူဇော်ပွဲကို တပည့်များ နှင့်အတူ နှစ်စဉ်ကျင်းပလှူဒါန်းနိုင်ခဲ့ပါသည်။
 

(ဆရာကြီး ဦးရဲညွန့်၊ မြဝတီမြို့)
 ဆရာကြီး ဦးစံသိန်း (ဓနုဖြူ) ရှိစဉ်ကာလတွင် ဆရာကြီး၏ ဆုံးမသွန်သင်လမ်းညွန်မှု့အောက်တွင် ရှိနေပါသည်။ ဆရာကြီး ဦးစံသိန်း ကွယ်လွန်ချိန်တွင် ထူးခြားသော အိပ်မက်များကို မက်ခဲ့ပါသည်။ အိမ်မက်ဖြစ်စဉ်တွင် ဆရာကြီး ဦးစံသိန်းနုပျိုစဉ်အရွယ်က ပုံစံနှင့်အတူ ခြင်ထောင်ထဲ၌ ဆရာကြီးဦးစံသိန်း၏ ဆုံးမမှု့ကို ခံခဲ့ရပါသည်။ များမကြာမီ ဆရာကြီးဦးစံသိန်း ကွယ်လွန်ကြောင်းသတင်းကြားခဲ့ရပါသည်။ ထို့နောက်ပိုင်းတွင်  ဆရာကြီး ဦးရဲညွန့်၏ ကိုယ်ပေါ်၌ ယားယံသော ဝေဒနာကိုခံစားရပြီး. ခေါင်း၊ နဖူးထိပ်၌ ကိုးနဝင်း စမ သုံးဆူ ပေါ်ထွက်လာခြင်း၊ ရင်ပိုင်း ကျောပိုင်း၊လက်ဖဝါး၊ လက်မထိပ်တို့၌ အောက်ပါ စမ များသည် တစ်ခုပြီးတစ်ခု ထင်ရှားစွာ ပေါ်ထွက်ခဲ့ပါသည်။

အင်္ကျီအဖြူပေါ်၌လည်း. စမ များ ထင်ရှားစွာ ထင်ကျန်ခဲ့ပါသည်။ ညအိပ်စဉ် ခေါင်းအုံးစွပ် အဖြူ၌လည်း ထင်ရှားစွာ စမ များ ပေါ်နေခဲ့ပါသည်။ တပည့်များနှင့် လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်စဉ် စမ များ ပေါ်ထွက်နေသည်ကို တပည့်များက ကိုယ်တိုင် မြင်တွေ့ခဲ့ရပါသည်။ တပည့်တစ်ဦးမှ စမ များကို ဗီဒီယို ကင်မရာ ရိုက်ကူးရာတွင် ဆရာကြီး ဦးရဲညွန့်နှင့် ပုံတူလူရုပ်ပုံသည် နှစ်ကိုယ်ပွားသကဲ့သို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရပါသည်။


( ဆရာကြီး ဦးရဲညွန့်၏ လက်ဖဝါးပေါ်၌ ယားယံပြီး သိဒ္စိ စမ များ ထင်ရှားစွာပေါ်ထွက်နေပုံ)
ဘုရားရှိခိုးနေစဉ် ဘုရားခန်းမှ အထက်ဆရာကြီးများ ပွဲပေါ်တွင် ဆရာကြီးဦးရဲညွန့်အား ချီးမြှင့်ပေးမည့် စမ များကို ဆွဲသားနေသည်ကို ကိုယ်တိုင် အာရုံ၌ မြင်တွေ့ခဲ့ရပါသည်။ ဆရာကြီး ဦးရဲညွန့်သည် ဂိုဏ်းတော် လုပ်ငန်းအပြင် ဗုဒ်ဓ၏ လမ်းစဉ်ဖြစ်သော သစ္စာလေးပါးတရားတော်ကို ကျင့်ကြံအားထုတ်နေသူတစ်ယောက်ဖြစ်ပါသည်။ သီလ သမာဓိ သစ္စာ မှန်ကန်ပြီး စိတ်ဓါတ်ဖြူစင် ကြိုးစားမှု့ကြောင့် အထက်ဆရာတော်ကြီးများ၏ သိဒ္စိချီးမြှင့်ခြင်းကို ကိုယ်တိုင် လက်ခံရရှိခဲ့ပါသည်။

ရွှေရင်ကျော်ဂိုဏ်းသည် အထက်လမ်း ဓမ္မအရိယာ သူတော်စင်ဂိုဏ်း စစ်စစ်ဖြစ်ပြီး 












 ( ဆရာကြီး ဦးရဲညွန့်၏ လက်ဖဝါးပေါ်၌ ယားယံပြီး သိဒ္စိ စမ များ ထင်ရှားစွာပေါ်ထွက်နေပုံ)

အထက်ဆရာတော်ကြီးများ၏  စောင့်ရှောက် စောင်မ ကူညီခြင်းကို ဂိုဏ်းဝင်ပညာရှင်မိသားစုအားလုံး ခံစားရပါသည်။
ထို့ကြောင့် သီလ သမာဓိ သစ္စာနှစ်ဖြာ စိတ်ထားဖြူစင် လုပ်ရပ်မှန်ကန်လျှင် အထက်ဆရာကြီးများ၏ စောင့်ရှောက်မှု့ကို ခံရမည်ဖြစ်ကြောင်း ဆရာကြီး ဦးရဲညွန့်၏ ကိုယ်တွေ့ဖြစ်ရပ်မှန်မှ သက်သေတစ်ခုပင် ဖြစ်ပါကြောင်း…။
ဆရာကြီး ဦးရဲညွန့်၏ ခွင့်ပြုချက်အရ

ဆရာအောင်မျိုး

No comments:

Post a Comment