Thursday, June 7, 2012

အိမ်ဦးခန်း ထိုင်မည့် ဥပဇ္ဈာယ်ဆရာဆိုတာ


အိမ်ဦးခန်း ထိုင်မည့် ဥပဇ္ဈာယ်ဆရာဆိုတာ အလွန် အရေးကြီးတယ်.. သစ္စာသုံးချက်နှင့် ညီညွတ်ရမယ် မှန်ကန်ရမယ်..ကျောသားရင်သားလည်း မခြား ကိုယ်မွေးထားတဲ့ သားသမီးလို ထိန်းသိမ်းစောင့်ရှောက်သွားရမယ်. အိမ်မှာ ရေအိုးတစ်လုံး တည်ထားရင် အဲဒီရေအိုးဟာ
ရေရှိပြီးတော့ ရေမှုတ်မထားလို့ ရှိရင် ဒီရေအိုး နှုတ်ခမ်းနဲ့ စောင်းပြီးသောက်မှာလား. ရေခွက်ရေမှုတ်ထားမှ သာလျှင် ဒီရေကို အများက သောက်လို့ရမယ် မဟုတ်လား… ရေခွက်ရှိပြီးတော့. ရေမရှိပြန်ရင် သောက်လို့မရဘူး.. အဲဒီလိုဘဲ ဆရာနဲ့တပည့်ဆိုတာ နှစ်ဦးနှစ်ဖက် ပြည့်စုံမှန်ကန်ရမယ်.
 ( အဖေကြီးဦးမြခင်အား ဘိုးတော်ဟန် ဆုံးမ မှာကြားခဲ့သောစကား)

No comments:

Post a Comment