Tuesday, August 21, 2012

ဝိဇ္ဇာ


ထွက်ရပ်ပေါက်ပြီး ဝိဇ္ဇာကြီးကား ရှေ့ဖြစ်နောက်ဟောင်း အကြောင်းစိစစ် တစ်နှစ်အံကျ သိမြင်လှ၍ အဠာရသ မြတ်သိပ္ပနှင့် ဘဝပါရမီ ဖြူနီဝါနက် အဆက်ဆက်ပို ကွက်ကွက်ကွင်းကွင်း စိုးပိုင်ခြင်းနှင့် မြင်ခြင်းတစ်သွယ် စိတ်ဝယ်ကြံက လိုတိုင်းရ၍ တံတိုင်းလည်းဖြစ် လူစင်စစ်က နတ်နှင့်မခြား ကျင့်တရားကို မမှားမယွင်း ဒေါသကင်းလျက် အလင်းကိုရောက် ပေါက်ကြီးပေါက်မှ ပါမောက္ခစစ် ဝိဇ္ဇာဖြစ်သည် မှတ်ရစ်နောင်လာ ရှင်လူတည်း။
                                            ကျော်အောင်စံထား ဆရာတော်

4 comments:

  1. ထေရာ အပါဒါန် http://www.pitakataw.com/2010/07/blog-post_1098.html? ဒီမှာ ဝိဇ္ဇာဓိုရ် ရှိကြောင်း ပါပါတယ်။ အဘိညာဉ် သာမက လူ့ဘဝကြီး ပွားရေး တွေ လည်း ဟောတဲ့ သင်တို့ဘုရားက ဘာကြောင့် မဟိဒ္ဓိ ဝိဇ္ဇာ ကျင့်စဉ် မဟောတာလည်း သူမသိလို့လား :)

    ReplyDelete
  2. မြန်မာပြည်လောက် တန်ခိုးရှင်ပေါတာ မြန်မာပြည်ပဲ ရှိတယ် ဂမုန်း စုန်း ကဝေ နတ် သိုက် ဝိဇ္ဇာ အရိယာ ဒါပေမဲ့ နယ်ချဲ့တွေရော ပြည်တွင်းသောင်းကျန်းသူရော ဗျူရိုကရက်တွေရော ရာဇဝတ်မှု ဥပဒေမလိုက်နာမှု ပညာရေးနိမ့်ကျမှု နိုင်ငံခြားပစ္စည်းမှီခိုရမှု မှုမှုမှု :P

    ReplyDelete
  3. အရူးမေးခွန်းကိုဖြေလိုက်မယ်။ လောကမှာ ဆင်းရဲသားတွေ ဒုက္ခရောက်နေသူတွေ အရန်းပေါတယ် ဘယ်သူဌေးတွေကသူတို့ရှိသမျှအကုန်သုံးပြီးကယ်တင်နေကြလဲ။ ကိုယ်မကယ်နိုင်တဲ့ကိစ္စဆို ဥပက္ခာပြုနေကြရတာပေါ့ သတ္တ၀ါတွေက သူ့ကံနဲ့သူ သူ့ခရီးသူ သွားနေကြတာလေ။ ကယ်လို့ရမှာ ၀ိဇ္ဇာကလည်းကယ်နိုင်မှာပေါ့။ ဘုရားတောင် သုံးဆယ်တစ်ဘုံ အကုန်ချွှတ်နိုင်တာမှမဟုတ်တာ။

    ReplyDelete
  4. ဝိဇ္ဇာဖြစ်အောင် တို့ ဂေါတမဗုဒ္ဓကအဝိဇ္ဇာကင်းကြောင်းပောာကြားတော်
    မူခဲ့တယ်

    ReplyDelete