Wednesday, February 15, 2012

စာရေးသူ၏ အမှာစာ

စာရေးသူ ဆရာဦးအောင်မျိုးသည် Chicken School၏ ကျောင်းအုပ် ဒါရိုက်တာတစ်ဦးဖြစ်ပါသည်။ ဤရွှေရင်ကျော် က္ကစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ အကြောင်းအရာများကို တင်ပြရေးသားရခြင်းမှာ ရွှေရင်ကျော်ပညာကို မြန်မာပြည်သာမက တစ်ကမ္ဘာလုံးမှ လူသားများအားလုံး သိရှိစေရန်နှင့် အကျိုးပြုနိုင်ရန် ရည်ရွယ်ပါသည်။ ဆရာဦးအောင်မျိုးသည်(မုဒုံမြို့) ငယ်ရွယ်စဉ် အသက်ခုနှစ် နှစ် အရွယ်မှ စတင်၍ ရွှေရင်ကျော်ပညာကို လက်ခံရရှိခဲ့ပါသည်။ မိသားစုဝင်များအားလုံး ရွှေရင်ကျော်မိသားစုဝင်များ ဖြစ်ခဲ့ပါသည်။ ဆရာဦးအောင်မျိုးသည် အထက်တန်း ကျောင်းသားဘဝအရွယ် ဆရာကြီးဦးတင်ထွန်း(မော်လမြိုင်မြို့) မှ ကိုးဆင့်ပညာကို ရရှိခဲ့ပါသည်။ ဆရာကြီးဦးတင်ထွန်း၏ သင်ကြားပြသမှု့ကြောင့် ပယောဂဝေဒနာရှင် လူနာများကို ရာနှင့်ချီ၍ ကုသ ကူညီပေးနိုင်ခဲ့ပါသည်။ ဆရာကြီးဦးတင်ထွန်း ကွယ်လွန်ပြီးသည့်နောက် ဆရာကြီးဦးတင်အေး (မေမြို့) မှ စုပ်တော် စုပ်ခွက်များကို ချီးမြင့်ခြင်းခံခဲ့ရပါသည်။ ယခုအချိန်အထိ ဆရာကြီးဦးမင်းလွင်(အောင်ဆန်း၊ အင်းစိန်) ၏ သွန်သင်ဆုံးမမှု့အောက်တွင် ရှိနေခဲ့ပါသည်။ ရွှေရင်ကျော်ပညာခံယူလိုသော တပည့်များ(မုဒုံမြို့၊ မော်လမြိုင်မြို့၊ ရေးမြို့နယ်၊ ရန်ကုန်မြို့)အား လက်ဆင့်ကမ်းပညာများ ပေးနိုင်ခဲ့ပါသည်။ ဆရာဦးအောင်မျိုးသည် ၁၉၈၇ မှ ၂၀၁၂ ခုနှစ်အထိ ထိုင်းနိုင်ငံ မဲဆောက်မြို့ ရောက်သည်အထိ  မြန်မာရွှေပြောင်းအလုပ်သမားများ၏ သားသမီးများကို ပညာရေးသင်ကြားခြင်း နှင့်အတူ ပယောဂဝေဒနာရှင် မြန်မာပြည်သူပြည်သားများကို ရွှေရင်ကျော်ပညာဖြင့် ကုသကူညီမှု့ပေးနိုင်ခဲ့ပါသည်။ ကုသစဉ်တွင် နိုင်ငံခြားသားများဖြစ်သော စပိန်နိုင်ငံမှ မိတ်ဆွေများ၊နယူးဇီလန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ ၊ ထိုင်းနိုင်ငံမှ သူငယ်ချင်းမိတ်ဆွေများ စိတ်ဝင်စားစွာ လေ့လာမှု့ကို နားလည်သဘောပေါက်အောင် ရှင်းပြနိုင်ခဲ့ပါသည်။ ယခုအချိန်တွင် ရွှေရင်ကျော်ပညာသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ တရုတ်နိုင်ငံ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဆွီိဒင်နိုင်ငံ၊ နော်ဝေးနိုင်ငံ၊ ပြင်သစ်နိုင်ငံ  အိန္ဒိယနိုင်ငံသို့ ရွှေရင်ကျော်ဆရာကြီးများ၏ကြိုးစားမှု့ကြောင့်ရောက်ရှိ နေပြီဖြစ်ပါသည်။
တစ်ကမ္ဘာလုံးမှ ပယောဂဝေဒနာရှင် လူနာများအားလုံးကို ကူညီပေးနိုင်ရန်အတွက် ဤရွှေရင်ကျော်ပညာကို တင်ပြဖြန့်ဝေခြင်း ဖြစ်ပါသည်။ မိမိနှင့် စိတ်တူကိုယ်တူ ဝါသနာတူ အသိမိတ်ဆွေများ ပါဝင်ကူညီရန် ကြိုဆိုလျက်ရှိပါသည်။ သိရှိလိုသော အကြောင်းအရာအချက်အလက်များ အားလုံးကို မေးမြန်းစုံစမ်းနိုင်ပါသည်။
ရွှေရင်ကျော်ပညာ ကမ္ဘာတစ်လွှား ကျော်ကြားပါစေသား...........
ပယောဂဝေဒနာရှင်များ ကျန်းမာ ချမ်းသာပါစေသား.............Have a good health for all of instigator. 
ဗုဒ္ဓသာသနာ နေလိုလလို ထွန်းပ ပါစေသား............
ရွှေရင်ကျော်ဆရာများအားလုံး ဘုန်းကြီးပါစေသား.....
ကမ္ဘာသူ ကမ္ဘာသားများအားလုံး ကျန်းမာ ချမ်းသာပါစေသား..........
                                                                                   ဆရာဦးအောင်မျိုး (မုဒုံမြို့)
                                                                     ဆရာကြီးဦးတင်ထွန်း(မော်လမြိုင်)သားတပည့်
                                                                      မယ်ကုလွမ်ကျေးရွာ၊မဲဆောက်မြို့၊ထိုင်းနိုင်ငံ။
                                                                      ဖုန်း-၀၈၂-၄၀၁၆-၄၃၈(DTC)
                                                                       










3 comments:

  1. Hello! I had a look to your blog but I can't read anything because my computer doesn't recognise burmese writing. Sorry. I would like to know what it says, but maybe someday Robbine can translate it in to English.

    Thank you and see you tomorrow at the school!

    Yasmina

    ReplyDelete
  2. hello SIR ! Firstly i want to say ....i'm very glad and proud for you sayar.....i received the occult science of Shwe Yin Kyaw last one years ago.... i want to know about SAYDAW .... how can i know is it real or not ...? i know from my master ...it's not same PYIN NYAR PAY tat SAYDAW and THEIK DI pay tat SAYDAW .....my master is one of the pupil of A PHAY GYI U MYA KHIN ......now i invite ur gmail account ...pls accept me and i hope u can help what i want to know ..Thanks !

    Yours ,
    NANDA (MDY)

    ReplyDelete