Wednesday, February 15, 2012

ရွှေရင်ကျော်အကြောင်းသိကောင်းစရာ အဖြာဖြာ



  ဆရာဦးအောင်မျိုး(မဲဆောက်မြို့၊ထိုင်းနိုင်ငံ)(ဆရာကြီးဦးတင်ထွန်း(မော်လမြိုင်)၏ သားတပည့်) မှစုစည်းတင်ပြသည်။
ဂိုဏ်းတော်၏ အစဉ်အဆက်
၁။ မင်းသားကြီး ဦးအောင် (ပထမံ အောင်)
၂။ အဖဆရာအေးခေါ် ဘိုးတော် စင်္ကြာမင်း
၃။ အဖဆရာပြူး
၎။ အဖဆရာပွင့် (
စ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး) ဂိုဏ်းချုပ်
၅။ အဖဆရာဟန် (ရွှေရင်ကျော်
စ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ ဂိုဏ်းချုပ်)
၆။ အဖေကြီး ဦးမြခင် ( ရွှေရင်ကျော် ကျေးဇူးရှင်)
၇။ ဆရာကြီး ဦးမြရင် (ရန်ကုန်)
၈။ ဆရာကြီး ဦးမင်းလွင် (အင်းစိန်မြို့၊ ရန်ကုန်)
၉။ ဆရာကြီး ဦးတင်အေး (မေမြို့)
၁၀။ ဆရာကြီး ဦးတင်ထွန်း (မော်လမြိုင်)
၁၁။ဆရာ ဦးအောင်မျိုး (မုဒုံ)

ဆေးတော်အကြောင်းသိကောင်းစရာ
ဆေးတော်တွင် ပါဝင်သော ပစ္စည်းအမယ်များမှာ -
၁။ အဖဆရာအေးခေါ် ဘိုးတော်စင်္ကြာမင်း ကိုင်ဆောင်သော သံလျက်အရိုးသွား (အာဏာရှိစေရန်)
၂။ ကနက်ကတန်ထီးဖြူ၏ ပိတ်စ ( ဘုန်းကြီးစေရန်)
၃။ တောင်ညာစံ အဂ္ဂမဟေသီမိဖုရားခေါင်ကြီး၏ ပန်တော်ကျ ပန်းခုနှစ်ပွင့် ( လူချစ်လူခင်ပေါများစေရန်)
၎။ မြေမခသော နတ်ဂမုန်း ( ပုပ္ပါးတောင်ထိပ်တွင်သာ ပွင့်သည်) တို့ကို ရောစပ်၍ ဆေးတောင့်ပြုလုပ်ထားသည်။
ဆေးတော်၏ ဂုဏ်သတ္တိသည် ကျစ်လစ်မာကြော၍ အလွန်မွှေးကြိုင်ပါသည်။ ဆေးဖျော်ခွက်တွင် ဆေးတော် နှမ်းတစ်စေ့ခန့်၊ ရွှေဆိုင်း၊ ဟင်္သာပြဒါး ရေနှင့် ရောစပ်ထားပါသည်။
 သီလနှစ်ပါး သစ္စာသုံးချက် စောင့်ထိန်းရပါသည်
၁။ အမဲသား၊ ကျွဲသားများကို သိလျက်နှင့်မစား မသောက်ရပါ။
၂။ အရက်သေစာများကို ဆေးအဖြစ်မှလွဲ၍ သောက်စားလိမ်းကျံခြင်းမပြုရပါ။( ဘိန်းဘင်းကစော်၊ လှော်စာ အရက်၊ ထန်းရည် ဓနိရည် ဘီယာပါမကျန် မသောက်သုံးရပါ။)
၃။သူတစ်ပါး၏ ကာမပိုင်ရှိသော ဇနီးမယားများကို ကိုယ်ထိကာယ ခိုးယူပေါင်းသင်းခြင်းမပြုရပါ။
ဤသစ္စာများမှ တစ်ခုခုပျက်ခဲ့ပါက ပညာများပျက်ပြယ်ပါစေသား။ ဤသစ္စာများ မှန်ကန်ခဲ့ပါက ရေအတိက ဆေးအတိဖြစ်၍  ၄င်းရေစင်ကို သောက်သုံးလိုက်သည်နှင့် တစ်ပြိုင်နက် ပယောဂ ဝေဒနာအားလုံး အဆိပ်အမျိုးမျိုးအားလုံး ပိန်းကြာရွက်၌ ရေမတင်သလို ရောဂါဝေဒနာအားလုံး ပျောက်ကင်းပါစေသား အရှင်သူမြတ်ပေါင်းတို့ ဘုရား….။
ပညာအဆင့်အကြောင်း
ရွှေရင်ကျော်ပညာတွင် အဆင့် ၁ဆင့်မှ ၉ဆင့်အထိရှိပါသည်။ အမျိုးသမီးများသည် အဆင့် ၅ဆင့်အထိသာရှိပါသည်။ ၉ဆင့်ပြီးလျှင် အချုပ်စမ တိုက်ရပါသည်။ ပြီးလျှင် စုတ်တော်ပိုင်ဆရာ၊ ဆေးတော်ပိုင် ဆရာကြီး၊ တပည့်မွေးဆရာကြီး အဆင့်ရောက်ပါသည်။
အဆူ “စမ” များကို ကိုးဆင့်အထိ( လေးဆယ့်ငါးဆူ) သောက်ရပါသည်။ ပညာတစ်ဆင့်ထိုးနှံပြီးသည်နှင့် တစ်ပြိုင်နက် ပယောဂဝေဒနာများကို နိုင်နင်းစွာ ကုသနိုင်ပါသည်။
ပယောဂ ဝေဒနာအကြောင်း
ပယောဂဆိုသည်မှာ အိပ်ယာထဲ၌ လဲနေမှမဟုတ်ဘဲ ပယောဂဝေဒနာ ခန္ဓာကိုယ်ထဲ၌ ရောက်သည်နင့် တစ်ပြိုင်နက် စိတ်မတည်ငြိမ်ခြင်း စိတ်ဂနာမငြိမ်ခြင်း အိမ်မှာမနေနိုင်ခြင်း စိတ်နှင့်ပတ်သက်သော ဝေဒနာအားလုံး ဒေါသကြီးခြင်း စိတ်တိုခြင်း တွေဝေထိုင်းမှိုင်းခြင်း အိမ်ထောင်ရေးအဆင်မပြေခြင်း စီးပွားရေး အဆင်မပြေခြင်း အိပ်မပျော်ခြင်း ရူးသွပ်ခြင်း အသက်သေဆုံးခြင်းများ ဖြစ်စေတတ်ပါသည်။
ပယောဂ စက် (၄) မျိုးအကြောင်း
၁။ အတွင်းစက်
၂။ အပြင်စက်
၃။ အပြင်စက် လက်လွှတ်စက်
၎။ ပညာသည်ဗူး ပညာသည်စက်

4 comments:

  1. စိတ်ဝင်စားပါသည်။

    ReplyDelete
  2. ဆရာကြီးဦးအောင်မျိုး......ခင်ဗျား၊
    ၁။ ဆေးတော်တွင် ပါဝင်သော ပစ္စည်းအမယ်များထဲမှ အချို့သော စာသားများ၏ အားနည်းချက်များအား တိကျ
    စွာ လေ့လာဆည်းပူး၍ ရေးသားကာ ပညာဒါန ပြုစေချင်ပါသည်။ နားလည်လွန်း၍ ဆရာလုပ်ခြင်း မဟုတ်သည်ကိုလည်း နားလည်ပေးစေချင်ပါသည်။ ဖြူစင်သောစိတ်ထားဖြင့် ဆရာဦးအောင်မျိုး၏ ပညာဒါန ပြုလုပ်သော လုပ်ငန်းတွင် တစ်တပ်တစ်အား ပါဝင်၍ ဂိုဏ်းတော်ကြီးအတွက် ကောင်းကျိုးနှင့် ပညာခံယူထားသော နောင်လာနောက်သား ပညာညီအကို မောင်နှမများအတွက် တိကျစွာ သိရှိနားလည်စေချင်သော စေတနာရင်းဖြစ်ပါကြောင်း.........

    ReplyDelete
  3. ကျွန်တော်လဲရွှေရင်ကျော်ကပါ3ဆင့် ရှိပါ ပြီသို့ ပေမယ့် ပယောကမစစ်မီပြောပုံဆိုပုံမှားကိုမတက်သိသေးပါ။ဆရာကတော့ မေးရင်ဖြေပေးမှာပါ။ဒါပေမယ့် မမေးရဲပါ။သိသောသူများညီအကိုအချင်းချင်းပြောပြစေလိုပါသည် ။ဂျီတော့ နာမည်ကparadiselove02ပါ ဖေ့ ဘုတ်က ”အနောက်ရိုးမတောင်တန်းမှမျိုးချစ်လူငယ်လေးတစ်ယောက်”ကျေးဇူးပါတယ်ခင်ဗျာ (စိုးထက်အောင်)x

    ReplyDelete