Wednesday, July 4, 2012

ရွှေရင်ကျော်နှင့် အဖွင့်ပညာ

    ယခုအဖြစ်အပျက်မှာ လွန်ခဲ့သော တ နှစ်ခန့်က
ကျွန်တော်ကိုယ်တိုင်တွေ့ကြုံခဲ့
ရသောအဖြစ်အပျက်ဖြစ်ပါသည်။
ယခုစာပိုဒ်အပါအ၀င် ပါဝင်သောဆရာကြီးများ၏ အမည်နာမများ နှင့် မဖော်ပြသင့်ဟု
ဆရာယူဆသော အကြောင်းများကိုဖယ်ပြီး ညီအကိုမောင်နှမ များပညာဗဟုသုတ
တိုးပွားစေရန် website တွင်ဖြေကြား ဖော်ပြပေးပါရန် မေတ္တာ ရပ်ခံပါသည်။   ။

ခင်မင်လေးစားစွာဖြင့်
ရွှေရင်ကျော်ဆရာတစ်ဦး

                              " ရွှေရင်ကျော် နှင့် အဖွင့်ပညာ "

                တနေ့မိတ်ဆွေတဦး နှင့် စကားစပ်မိ ရာ မှ သူလည်း
ဂိုဏ်းတော်က ဆေးတော်ပိုင်ဆရာကြီး တဦး ဖြစ်ကြောင်း သိရသဖြင့်
အဖဆရာမည်သူလဲ ဟု ကျွန်တော်က မေးရာ သူ၏အဖြေကိုကြားမိရာ ကျွန်တော်
တော်တော်လေးအံသြခဲ့ရပါသည် ။ ။ သူက ကျွန်တော်ကို ခင်ဗျား
ရွှေရင်ကျော်အဖွင့်ပညာ ဆိုတာကြားဖူးလား ဟု ပြန်မေးပါသသည် ။ ကျွန်တော်
မကြားဖူးပါဘူးဆရာ ပေါ့ ။ သူ က ရှငိးပြပါသည် ။ ကျွန်တော် ၏ အရင်ဆရာက
ဆရာကြီး ဦးမင်းလွင်( ရန်ကုန် ) ပါတဲံ့ ။ သို့သော် ယခု တော့ ယင်းဆရာ
များကို ပယ်လိုက်ပြီး အဖေကြီးတို့ နှင့် တိုက် ရိုက် ချိတ်ဆက်ပြီး
နေပါသတဲ့ ။ သိလိုသောအရာရှိလျှင်လည်း အဖေကြီးတို့ကို အာရုံ ပြုပြီး
အာရုံထဲတွင်ဆီမီး ၅ တိုင် ပူဇော် ပြီး ဆက်သွယ်လျှောက်ထားလို့ ရပါသည် တဲ့
။ ယင်းပညာကို စတင်ရရှိတာက သူ၏အမျိုးသမီး ဖြစ်ပြီး သူကနောက်မှရပါသည်တဲ့
...ပယောကဂများကုစရာရှိလျှငိလည်း အဖပွင့် ကိုယ်တိုင်ကြွေ၇ာက်ပြီး
ပြတ်သားနိုင်နင်းစွာကုသပေးပါသတဲ့...နောက်သူက ကျွန်တော်ကို
ပြန်မေးပါသေးသည် ....ခင်ဗျား စကြာလည် စက်ဆိုတာ ကြားဖူးပါသလား တဲ
့...ကျွန်တော်ရိုးရိုးသားသားပင် ကျွန်တော်မှာ ဆရာနှငိ့ဝေးနေသောကြောင့်
ပညာဗဟုသုတ မရှိုသေးပါ ဆရာပြောသောစက်အကြောင်းကိုလည်းမကြားဖူးပါ ဆိုတော့
သူက ရှငိးပြ ပါသည် ။ ဒီစက် က ကုသပေးပြီးသောအခါ အိမ်ရောက်သည်နှင့်
ပြန်ဖြစ်ပါသတဲ့ ....ဆရာက အမိန့်ပြန် ပြီးရိုက်ထုတ်လိုက်သော စက်များသည်
ခြေကနေထွက် ပြီး ခေါင်းကနေ ပြန်ဝင်ပါသတဲ့ ။ ဒီစက်ကို လက်ရှိ
ရွှေရင်ကျော်ပညာနှင့် ဘယ်လိုမျှ မကုသနိုင်ပါ ။ သူပြောသော အဖွင့်ပညာနှင့်သာ
ကုသနိုင်ပါသည်  တဲ့ ။ လူလောက မှာလို အဖျက်သမားများက
လက်နက်ဆန်းများသုံးလာသောအခါ စစ်တပ်ကလည်းသူ့ထက်ကောင်းတဲ့ လက်နက်များတီထွင်
အသုံးပြု ရသလိုပေါ့ဗျာ တဲ့ ...... ......ဒါကြောင့် အဖဆရာများက ဒီ
အဖွင့်ပညာကို သူအား သင်ကြားပြသပေးခဲ့သည် ဟု ပြောပါသည်
....ကျွန်တော်မနေနိုင်တော့ဘဲတခုတော့မေးလိုက်သည် ... ဆရာ့ပညာက
အကြားအမြင်သဘောလား ဆိုတော့ ...နည်းနည်းအကြားအမြင်ရရင်နည်းနည်းအောက်လမ်း
များများရရင်များများအောက်လမ်းဘဲလေတဲ့ ...ဒါက အဖေကြီးတို့နှင့်
တိုက်ရိုက်ချိတ်တာတဲ့ ။ ကျွန်တော်လည်း ဘယ်သူမှမဝေဖန်ရဘူးဆိုတဲ့
စကားလေးသတိရတာနဲ့ဘာမျှမပြောဘဲ နားထောင်ပြီးပြန်လာခဲ့ပါတယ်ဆရာ ။ ။
ယခုတော့မေးမြန်းဖို့ အခွင့်ရတာနဲ့ မေးရခြင်းဖြစ်ပါသည် ။ စိတ်ထဲမှာတော့
သိနေပေမယ့် ဆရာတို့ဖြေပေးလျှင် ပိုပြီး ပြည့်စုံလိမ့်မည်ဟု မျှော်လင့်
ပြီး တင်ပြလိုက်ရပါသည် ခင်ဗျား  ။  ။

ခင်မင်လေးစားစွာဖြင့် ....
ဖြေ။            ။
၁။ ရွှေရင်ကျော် အဖွင့်ပညာဆိုတာ မရှိပါ။ စတန့်ထွင်ထားခြင်းသာ ဖြစ်ပါသည်။
၂။ မိမိ၏ ဥပ္ပဇျယ် ဆရာကို ဖျောက်ထားလျှင် ပညာပျောက်ပါသည်။ ( ဆရာဖျောက်လျှင် ပညာပျောက် )( ဆရာထက် တစ်ပတ်ပိုလျှင် မျောက်အိုဖြစ်)

(ဆရာကိုအာခံလျှင် အာခေါင်လှံစူး) ဂိုဏ်းချုပ်ဘိုးတော်ဟန်မှ  နောက်ဆုံးစကား ဆုံးမထားပါသည်။
၃။ အဖဆရာကြီးများနှင့် တိုက်ရိုက်ဆက်သွယ်နေပါသည်။ ဆိုတာ မဖြစ်နိုင်ပါ။ စိတ်ကူးယဉ်လွဲမှားတာ ဖြစ်ပါသည်။
၎။ ထိုဆရာ၏ အမျိုးသမီးမှာ အမြင်စက် အကြားစက် အားကောင်းသော (သိုက်ဆက်၊ ဥစ္စာစောင့်စွဲ၊ ဘိုးမင်းခေါင် သိုက်စွဲ) ရှိနိုင်ပါသည်။ မိစ္ဆာများ မြင်အပ်သော အကြားအမြင်များသာဖြစ်ပါသည်။ သူတော်ကောင်းများ မြင်အပ်သော သမာသိဒ္ဓိအမြင် မဟုတ်ပါ။
၅။ ပယောဂ လူနာရှင်ကို အဖဆရာကြီးများ ကိုယ်တိုင် လာရောက်ကုသခြင်းမှာ  မဖြစ်နိုင်ပါ။ ဆရာများသာ ကုထုံးဥပဒေသအတိုင်း စမ်းသပ်စစ်ဆေး ကုသမှု့ အဆင့်အဆင့်ဖြင့်သာ ကုသနိုင်ပါသည်။ အဖဆရာကြီးများက အကူအညီပေးပါသည်။
၆။ စင်္ကြာလည်စက် ဆိုသည်မှာ မရှိပါ။
၇။ ခြေကထွက်ပြီး ခေါင်းက ပြန်ဝင်ကာ အိပ်ရောက်လျှင် ရောဂါ ပြန်ဖြစ်ခြင်းမှာ လူနာရှင်၏ နေအိမ်ခြံဝန်းများတွင် အောက်လမ်းဆရာများ၏ အစီအမံများဖြစ်သော အင်းမြုပ်ထားခြင်း ပယောဂစက်များ ရှိပါက ပြန်ဖြစ်နိုင်ပါသည်။
၈။ ပယောဂဝေဒနာရှင်များကို ရွှေရင်ကျော်ပညာဖြင့် ကုသနည်း၊ ကုထုံး၊ ကုကွက် ကျွမ်းကျင်ပါက မည်သည့် ပယောဂဝေဒနာ မဆို ကုသပျောက်ကင်းပါသည်။
၉။ အကြားအမြင် ပညာဖြင့်သာ ကုသနိုင်ခြင်းဆိုသည်မျာ ထိုလူ၌ စိတ်ရောဂါဝေဒနာ စွဲကပ်နေသည်ဟု ယူဆနိုင်ပါသည်။

1 comment:

  1. ပညာ ပျက်သွားသောဆရာတချို့ က လမ်းကြောင်းပြောင်းသွားတတ်သည်။ပညာပျက်ရုံပျက်ပါက ပယောဂ ကို စမ်းလျှင် မိသေးသည်... ဂိုဏ်း နှင့် အဖဆရာများ ကိုပါပြစ်မှားလျှင် ပညာအဆင့်အားလုံးသိမ်းပြီး ဒဏ်ပါခံ ရပါသည်... အဖေကြီးဦးမြခင်ကိုယ်တိုင် ပြောပြခဲ့သည်လေ.....ရွှေရင်ကျော်မှာ အကြားအမြင် မရှိဆိုတာ..။

    ReplyDelete