Sunday, June 17, 2012

ရွှေရင်ကျော်ဆိုင်ရာ အမေးအဖြေများ ၂

                                           ရွှေရင်ကျော် ဂိုဏ်းချုပ် ဆေးတော်ကြီးပုံ                                                              ကျွန်တော့်
မေးခွန်းများကိုသိလိုသမျှဖြေပေးခဲ့ပါသဖြင့် ကျေးဇူးအထူးတင်ပါသည် ။                   ကျွန်တော်သိလိုသည်မှာ...ကျွန်တော့် တွင်
ပညာတည်မတည် မည်သိုစမ်းသပ်နိုင်ပါသနည်း...အလွယ်ဆုံးနည်းကို ပြောပေးပါဆရာ
..သူများကိုလက်ဝါးရိုက်ပညာအပ် ပြီးကုခိုင်းဖို့ထက် ကိုယ် ကိုယ်တိုင်ပင်
ကုစရာအကြောင်းမညီညွတ်သေးပါ ခင်ဗျား...ကြားဖူးတာကတော့ တချို့ဆရာများ
တောထဲတွင် ကွင်းပိုင်ကို အမိန့်ပြန် ခေါ်ပြီးေ၇ာက်လျှင်
ဒီသစ်ပင်ကိုလှုပ်ပြ ဆိုပြီး ခိုင်းတာတကယ်လှုပ်ပြသည်ဟုတဆင့်စကားကြားဖူးပါသည်
။ ရနိုင်ပါသလား။ ပြီးနောက်  မိမိတို့လယ်များ ကျွဲ နွားများကို
အစောင့်ခိုင်းသည်ဟုသိရပါသည် ။ ဥပဇ္ဇယ်ဆရာထိုနယ်ကိုရောက်တော့မှ
ကွင်းပိုင်က စီးပြီးတိုင်သောကြောင်ု့နောက်မလုပ်ရန်တားမြစ်ရသည်ဟုပင်ကြားဖူးပါသည်။
ဆရာ သုံးသပ်ပေးစေလိုပါသည်။

ခင်မင်လေးစားစွာဖြင့်....



ဖြေ။     ။ ရွှေရင်ကျော် ပညာခံယူထားသော ပညာဝင်တစ်ယောက်သည် ပညာခံယူပြီတာနဲ့   ဥပဇ္ဈယ်ဆရာမှ ပညာအပ်ပေးရပါသည်။ ဆိုင်ရာပုဂ်ဂိုလ်များကိုလည်း စောင့်ရှောက်ရန်အပ်နှင်းထားပါသည်။
      ၁။ မိမိကိုယ် မိမိ ယုံကြည်ရပါမည်။
      ၂။ မိမိဆရာသမားကို ယုံကြည်ရပါမည်။

      ၃။ မိမိဂိုဏ်းတော်ကို အကြွင်းမဲ့ ယုံကြည်ရပါမည်။
      ၄။ မိမိဂိုဏ်းကို စောင့်ရှောက်တော်မူသော အထက်သူတော်စဉ် အရိယာဓမ္မ ဝိဇ္စာကြီးများကို ယုံကြည်ရပါမည်။
     ၅။ မိမိကို ပညာပေးခဲ့သော ဆေးတော်ကို ယုံကြည်ရပါမည်။
      ၆။ ရတနာ သုံးပါးနှင့်တကွ မိဘဆရာသမားကို ယုံကြည်ကိုးစားရပါမည်။
          ဒါဆိုရင် ရွှေရင်ကျော်ပညာ တည်ပါသည်။ သစ္စာသုံးချက် တစ်ခုခု ပျက်ခဲ့ပါက ပညာများ ပျက်ပြယ်ပါသည်။ သို့သော် ပညာမပျောက်ပါ။ မကောင်းသော မိစ္ဆာများက ရူးအောင် သေအောင် မလုပ်နိုင်ပါ။
          ကွင်းပိုင်ဘီလူးနှင့်ပတ်သက်၍ ဆွေးနွေးရမည်ဆိုလျှင် ဆရာများက အပ်နှံထားသောကြောင့် ကွင်းပိုင်ဘီလူးများ ကူညီစောင့်ရှောက်ရပါမည်။ ဂိုဏ်းတော်နှင့် မပတ်သက်သော ကိစ္စရပ်များကို အကူအညီမတောင်းခံသင့်ပါ။ ဒါပေမယ့် အကျိုးရှိမည့် ကိစ္စများတွင် အကူညီတောင်းခံသင့်ပါသည်။  ကျွန်တော်၏ဆရာ ကိုယ်တွေ့အဖြစ်အပျက်တစ်ခုမှာ ဆရာသည် မတ္တရာမြို့သားဖြစ်ပါသည်။ ဆရာမတ္တမြို့သို့သွားသောအခါ ကွင်းပိုင်ဘီလူးက မြင်းဖြူကြီး စီးပြီး ကျွန်တော်၏ဆရာအား ခရီးဦးကြိုဆိုနေသည်ကို အမြင်စက်ရှိသော ရွှေရင်ကျော်ဆရာ တပည့်တစ်ဦးမှ ကိုယ်တိုင် မြင်တွေ့ရပြီး ဆရာ့အား ပြန်ပြောပြပါသည်။ မြင်းဖြူကြီးသည် မြည်ဟီးပြီး ရှေ့မှ လမ်းပြခေါ်ဆောင်သွားပါသည်။
           မိမိတို့၏ လယ်မြေများ စပါးအထွက်ကောင်းအောင် ကျွဲနွားများ မပျောက်အောင် ကွင်းပိုင်ဘီလူးအား မေတ္တာပို့ ၍ အကူညီတောင်းလျှင် အကျိုးရှိနိုင်ပါသည်။
            မြဝတီမြို့မှ ဆရာ ဦးရဲညွန့်အားအထက်သူတော်စဉ် ဆရာတော်ကြီးများ၏ သိဒ္စိ စမ များကို ချီးမြှင့် ပေးခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် လောကီဂိုဏ်းတော် အလုပ် လောကုတ္တရာ နိဗ်ဗာန်ရောက်ကြောင်း တရားများကို ကျင့်ကြံကြိုးစား အားထုတ်ခဲ့ပါက. အမှန်ပင် လူသားတစ်ဦး၏ မြင့်မြတ်သော ပန်းတိုင်ကို အမှန်ဧကန် ရောက်မည်ဖြစ်ကြောင်း ကျွန်တော် သက်သေထူအပ်ပါသည်။ နောက်ထပ်သိလိုပါက မေးမြန်းနိုင်ပါသည်။ ပေးပို့ထားသော ပုံတော်မှာ ဂိုဏ်းချုပ်ဆေးတော်ကြီး ပုံ ဖြစ်ပါသည်။ ပင်စည်ရှိလျှင် အကိုင်းထွက်ပါသည်။
လေးစားစွာဖြင့်
ဆရာအောင်မျိုး

2 comments:

  1. ပယောဂ ကုသသူသည် ရန်များသည်။ ဟုတ်ပါသလား ?

    ReplyDelete
  2. ကွင်းပိုင် ဘီလူးသည် အင်္ဂလိပ် ဂျပန်နှင့် ဆန္ဒပြဖျက်ဆီးသူများ ပစ်သတ်ထိန်းချုပ် စစ်သည်များ ပညာပြစဉ်က မြင်းစီး၍ပြေးသွားသည်မှာ မြင်းတောင်မောသွားသည်ကို ဝိဘဇ္ဇအမြင်ပေါက် ကျွန်တော် က မြင်ပါသည်။ ရခိုင်က ကွင်းပိုင်များသည် အာလ္လာလ် ကို ကြောက်နေရပါသည်။

    ReplyDelete